
၂၀၁၅ အလွန် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအခြေအနေနဲ့ မီဒီယာအခန်းကဏ္ဍရဲ့ စိန်ခေါ်မူတွေကို အာဆီယံနိုင်ငံအသီးသီးက မီဒီယာသမားတွေနဲ့ တာဝန်ရှိသူတွေ ရန်ကုန်မြို့ park royal ဟိုတယ်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
တတိယအကြိမ်မြောက် အာဆီယံအယ်ဒီတာများ တွေ့ဆုံဆွေးနွေးပွဲခေါင်းစဉ်နဲ့ အာဆီယံနိုင်ငံ အသီးသီးက တာဝန်ရှိသူတွေ မြန်မာနိုင်ငံက စာနယ်ဇင်းမီဒီယာတွေ တွေ့ ဆုံခဲ့ကြတာပါ။
အာဆီယံနိုင်ငံအသီးသီးက သတင်းသမားတွေ အားလုံးတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အခြေအနေနဲ့ မီဒီယာအခန်းကဏ္ဍရဲ့ စိန်ခေါ်မူတွေကို ပူးပေါင်းဆွေးနွေးပြီး အာဆီယံနိုင်ငံ အသီးသီးက စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ပထမအကြိမ် တွေ့ဆုံပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံပွဲကိုတော့ ဘရူနိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။