ကလေးကုန်ကူးသူများထံက ကယ်ဆယ်ထားသည့် ကလေး ၁၁ ဦး၏ မိသားစုများကို တရုတ်ရဲ ရှာဖွေ

1K
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ရဲတွေဟာ ကလေးကုန်ကူးမှု ကွင်းဆက်ကို ဒီလအစောပိုင်းက ဖြိုခွင်းအပြီး ကယ်ဆယ်ရရှိလာတဲ့ ကလေး ၁၁ ယောက်ရဲ့ မိသားစုတွေကို ရှာနေပါတယ်။
ကလေးတွေ အားလုံး ကျန်းမာရေးကောင်းနေပြီး ယူနန်က ကိုင်ယွမ်ကလေး စောင့်ရှောက်ရေးဌာန က စောင့်ရှောက်ပေးနေပါတယ်။
ကလေးတွေရဲ့ မျိုးဗီဇ နမူနာတွေ ကောက်ယူထားပြီး စာရင်းပြုစုထားတယ်။ မိဘတွေကို ရှာတွေ့ရင် သူတို့ရဲ့ မျိုးဗီဇချင်း နှိုင်းယှဉ်ကြည့်မယ်လို့ ကူမင်းဘူတာ လူထုလုံခြုံရေးဗျူရိုအရာရှိ ဝမ်ကျိက ပြောပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ ပြန်ပေးဆွဲခံကလေးတွေရဲ့ မိဘတွေကို ရှာရာမှာ အထောက်အကူ ပြုဖို့ မျိုးဗီဇ အချက်အလက်တွေကို ကွန်ပြူတာနဲ့ မှတ်တမ်းတင် သိမ်းဆည်းတဲ့ စနစ်ကို ပြုစုထားပါတယ်။
ကလေးတွေဟာ မရှင်းလင်းတဲ့ နောက်ကြောင်းနဲ့ အိမ်ခြေမဲ့ကလေးတွေလား လူကုန်ကူးခံ ဓားစာခံတွေလားဆိုတာ သိဖို့ ကလေးတွေဆီက မျိုးဗီဇနမူနာကို ယူမှာပါ။
တချို့မိသားစုတွေကတော့ မိဘရင်းတွေကို ရှာမတွေ့ခဲ့ရင် ကလေးတွေကို မွေးစားဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုဆက်သွယ်လာခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။
လောလောဆယ်မှာ ရဲတွေက ဒီသတင်းကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့လို့ လူအများ အပြားက လူမှုဖူလုံရေးဂေဟာမှာ ကလေးတွေကို ကြည့်ဖို့ လာခဲ့ကြပါတယ်။
ကလေးတွေကို စောင့်ရှောက်ဖို့ ၂၄ နာရီ အလုပ်လုပ်နေတယ်လို့ ဌာနက သူနာပြုဝန်ထမ်း က ပြောပါတယ်။