A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန် ဘော်လီဘော ကစားပြိုင်ပွဲအတွင်း အသေခံဗုံးခွဲ ၅၇ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အာဖဂန်နစ္စတန်အရှေ့တောင်ပိုင်း ပတ်တီကာခရိင်တွင်းက ယွာဟှာခေးဒေသမှာ ရာနဲ့ချီတဲ့ ယောက်ျားလေးတွေ တက်ရောက်နေတဲ့ ဘော်လီဘော ကစားပြိုင်ပွဲအတွင်း အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူဦးရေ ၅၇ ယောက်ရှိသွားလို့ ဒေသခံအစိုးရအရာရှိတွေက နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောပါတယ်။ [caption id="attachment_71945" align="alignright" width="368"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] တခြားလူအယောက် ၆၀ လောက်လည်း ဒဏ်ရာရခဲ့လို့ နိုဝင်ဘာလ ၂၃ ရက်နေ့ညနေ ၄ နာရီခွဲလောက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ၂၀၁၁ကနေ ခုထိ တကြိမ်တည်းမှာ လူသေမှုအများဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။ ဒဏ်ရာရသူ ၅၄ ယောက်ကို ဆေးကုဖို့ ကဘူးစစ်ဆေးရုံမှာ တင်ပို့ထားပြီး ၂၇ ယောက်က အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေဆဲပါ။ ၁၃ ယောက်ကတော့ အသည်းအသန် ဖြစ်နေတယ်လို့ ဆေးရုံက ဆရာဝန်က သတင်းထောက်တွေကို ပြောပါတယ်။ အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေးညွှန်ကြားမှု ဦးစီးဌာနကတော့ အာဖဂန်စစ်တပ်နဲ့ အာဖဂန် အခြေစိုက် နေတိုးခေါင်းဆောင်တဲ့ တပ်တွေကို တိုက်နေတဲ့ ဟက်ခါနီအကြမ်းဖက်အုပ်စုက ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်အုပ်စုကမှတော့ တာဝန်ခံမှု မရှိသေးပါဘူး။ ကနေဒါနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အာဖဂန်ဆိုင်ရာ အမေရိကန် သံရုံးတို့ကတော့ ဒီအသေခံတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up