A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ်အာဏာရပါတီ၏ ခေါင်းဆောင်ဟောင်းကို စစ်ရာဇဝတ်မှုခုံရုံးမှ သေဒဏ်စီရင်

ဓာတ်ပုံ - AFP
ဘင်္ဂလားဒေ့ရှ်အာဏာရပါတီရဲ့ ခေါင်းဆောင်ဟောင်းကို စစ်ရာဇဝတ်မှုခုံရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က သေဒဏ် စီရင်လိုက်ပါတယ်။ ပါကစ္စတန်ကနေ ခွဲထွက်လွတ်လပ်ရေးယူတဲ့ စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ခုလို အပြစ်ပေးတာပါ။ အသက် ၆၄ နှစ်အရွယ် ဒေသခံခေါင်းဆောင် မူဘာရတ်ဟူစိန်ကို လက်ရှိ အာဏာရ အဝါမီအသင်းချုပ်ပါတီကနေ ၂၀၁၁ ခုနှစ်က ထုတ်ပယ်ခဲ့တာပါ။ [caption id="attachment_71939" align="alignright" width="397"]ဓာတ်ပုံ - AFP ဓာတ်ပုံ - AFP[/caption] သူဟာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု နှိပ်စက်မှုတွေ ကျူးလွန်ကြောင်း တွေ့ရှိခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ပြစ်မှုတခုအတွက် သေဒဏ်စီရင်ပြီး နောက်တခုအတွက်တော့ ထောင်ဒဏ် တသက်တကျွန်း စီရင်ခဲ့တယ်လို့ ရှေ့နေ မိုဟာမက် စာဟီဒါ ရာမန်က သတင်းထောက်တွေကို တရားရုံးအပြင်မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာရဲ့ အတိုက်အခံတွေကတော့ ဝန်ကြီးချုပ်ဟာ အကြီးဆုံး အတိုက်အခံပါတီ ၂ ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီနဲ့ အစ္စလာမ္မစ်ပါတီဖြစ်တဲ့ ဂျမားအယ်လ် အစ္စလာမ်မီပါတီတို့ကို နှိမ်နင်းဖို့ တရားရုံးတွေကို အသုံးချတာလို့စွပ်စွဲပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေး အုပ်စုတွေကတော့ တရားစီရင်မှုက နိုင်ငံတကာ အဆင့်အ တန်းကို မမီဘူးလို့ ဝေဖန်ပါတယ်။ အစိုးရကတော့ စွပ်စွဲချက် အားလုံးကို ငြင်းဆိုပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့က စီရင်မှုကတော့ လက်ရှိ အာဏာရပါတီရဲ့ ခေါင်းဆောင်ဟောင်း ကို ပထမဆုံးစီရင်မှု ဖြစ်ပြီး နိုင်ငံရေးပြိုင်ဖက်တွေကို နှိမ်နင်းတာ မဟုတ်ကြောင်း တန်ပြန် ပြသခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၁၉၄၇ ခုနှစ် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှု အဆုံးသတ်ချိန်မှာ  အရှေ့ပါကစ္စတန်အဖြစ် တည်ရှိခဲ့တာပါ။ ၁၉၇၁ ခုနှစ်မှာ အိန္ဒိယက ကျောထောက်နောက်ခံပေးတဲ့ ဘင်္ဂလားဒေ့ရှ် မျိုးချစ်ဝါဒီတွေနဲ့ ပါကစ္စတန်စစ်တပ်ကြား စစ်ပွဲအပြီး အနောက်ပါကစ္စတန်ကနေ ခွဲထွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တရားဝင် ကိန်းဂဏန်းတွေအရ ဒီစစ်ပွဲအတွင်း ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ မုဒိမ်းကျင့် ခံခဲ့ရပြီး လူ ၃ သန်းလောက် အသတ်ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up