A d v e r t i s e m e n t With Us

တရုတ်တွင် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးများ ဖမ်းမိ

ဓာတ်ပုံ - The Nation
တရုတ်နိုင်ငံ မြောက်ပိုင်းက မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲမှာ လူကုန်ကူးမှုနဲ့ ပတ်သက်နေတယ်လို့ သံသယရှိတဲ့ အမျိုးသမီး ၃၁ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ လူကုန်ကူးခံရသူ ၁၄ ယောက်ထဲက ၁၁ ယောက်ဟာ မြန်မာအမျိုးသမီးတွေဖြစ်တယ်လို့ တရုတ် ရှင်ဟွာသတင်းမှာဖော်ပြပါတယ်။ အဖမ်းခံရတဲ့ နိုင်ငံခြားသူ ၅ ယောက်ဟာ အသက် ၁၈ နှစ် မပြည့်သေးသူတွေဖြစ်ကြပြီး မြန်မာရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ ဒေသခံ မီးရထားပြည်သူ့လုံခြုံရေးဌာနက ရဲအရာရှိတစ်ဦးကသတင်းမှာ ပြောပါတယ်။ [caption id="attachment_71924" align="alignright" width="368"]ဓာတ်ပုံ - The Nation ဓာတ်ပုံ - The Nation[/caption] သွေးဆောင်ဖြားယောင်းသူတွေက လူကုန်ကူးခံရသူတွေကို ခ၇ီးတွေထွက်ရမယ်၊ အလုပ်တွေ ရမယ်လို့ မက်လုံးပေးခေါ်ယူလာတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အစွန်အဖျားကျေးလက်ဒေသတွေမှာ ဇနီးမယားတွေအဖြစ် အမေရိကန်ဒေါ်လာ ၈ ထောင်ကျော်နဲ့ ညီမျှတဲ့ တရုတ်ငွေ ယွမ် ၅ သောင်းမှ ၉ သောင်းအထိ တန်ဖိုးတွေနဲ့ ရောင်းချမှာ ဖြစ်တယ်လို့ စုံစမ်းသိရတယ်လို့ ဆိုပါတယ်။ ဒီအမှုကိစ္စတစ်ရပ်လုံးနဲ့ ဆက်နွယ်ပတ်သက်တဲ့ စုစုပေါင်းငွေပမာဏက ယွမ်ပေါင်း ၁ ဒသမ ၉၂၅ သန်းထိ ရှိတယ်လို့ လည်း အဆိုပါ ရဲအရာရှိက ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ သြဂုတ်လ ၂၆ ရက်နေ့က ဘောင်တိုကနေ တရုတ်နိုင်ငံ အရှေ့ဘက် ကျန်းရှီစီရင်စုရဲ့မြို့တော် နန်ချမ်ကို သွားနေတဲ့ ရထားခရီးစဉ်အတွင်း အမျိုးသမီးတစ်ယောက်က ရဲအရာရှိတစ်ယောက်ကို အကူအညီတောင်းရာကနေ အဲဒီလူကုန်ကူးဂိုဏ်းကို ရဲတပ်ဖွဲ့က နှိမ်နင်းဖမ်းဆီးလိုက်တာပါ။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေရင်း ရဲတပ်ဖွဲဟာ နောက်ထပ် ၃ လအတွင်း ပြည်နယ် ၅ ခုကို ခရီးထွက်ပြီး အဲဒီလူကုန်ကူးဂိုဏ်းနဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့ နောက်ထပ်သံသယရှိသူ လူ ၃၀ ကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကျား၊မ အရေအတွက် မညီမျှမှု ကွာဟချက် ကြီးမားနေပြီး နောက်ဆုံးကောက်ယူတဲ့စစ်တမ်းအရ အမျိုးသမီးဦးရေ ၁၀၀ မှာ အမျိုးသားဦးရေက ၁၁၈ ယောက် ရှိနေတာပါ။ စက်တင်ဘာလတုန်းကလဲ တရုတ်ရဲတပ်ဖွဲ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံခြားသူ သတို့သမီးတွေကို တွေ့ဆုံကြဖို့ အုပ်စုလိုက်ခရီးသွားတဲ့ ခရီးစဉ်တွေကို ရောင်းချနေတဲ့ ၀က်ဆိုဒ်တွေကိုလဲ လူကုန်ကူးခြင်းနဲ့ ပြည့်တန်ဆာလုပ်ငန်းဆီ ဦးတည်နေတယ်ဆိုပြီး ပိတ်ပစ်ခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up