ရုရှားခွဲထွက်အဖွဲ့များကို တိုက်ရန် လစ်သူယေးနီးယားအစိုးရက ယူကရိန်းကို စစ်ရေး အကူအညီပေးမည်

ဓာတ်ပုံ - ရိုက်တာ
လစ်သူယေးနီးယားအစိုးရက ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေကို တိုက်ရာမှာ ယူကရိန်းအစိုးရကို ကူညီဖို့ စစ်ရေးအကူအညီတချို့ ပေးမယ်လို့ ယူကရိန်းသမ္မတ ပတ်ထရို ပိုရိုရှန်ကိုနဲ့ လစ်သူယေးနီးယား သမ္မတ ဒါလီယာ ဂဘာစကေးယတီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ပြောပါတယ်။ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို ရောက်နေတဲ့ လစ်သူယေးနီးယားသမ္မတနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ခုလို ပြောလိုက်တာပါ။ နေတိုးအဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံဟာ မသေနိုင်တဲ့စစ်ဘက်ပစ္စည်းတွေကို ထောက်ပံ့မှာလား၊ လက်နက်တွေ ထောက်ပံ့မှာလားဆိုတာ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ နေတိုးနိုင်ငံတွေဟာ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံကို လက်နက်တပ်ဆင်ပေးပြီး ရုရှားနဲ့ ပဋိပက္ခဖြစ်နိုင်တဲ့ဘေးကို လက်ခံဖို့ တွန့်ဆုတ်နေပါတယ်။ ယူကရိန်းသမ္မတကတော့ လစ်သူယေးနီးယားပိုင်နက်အတွင်း နိုင်ငံပေါင်းစုံ စစ်ရေး လေ့ကျင့်မှုတွေမှာ ပါဝင်ဖို့ ယူကရိန်းအရာရှိတွေကို သင်တန်းပေးဖို့ သဘောတူခဲ့တယ်။ စစ်ဘက် နဲ့ နည်းပညာနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ယူကရိန်းစစ်တပ်အတွက် အထောက်အပံ့တွေ ပေးဖို့လဲ သဘောတူခဲ့တယ်လို့ ပြောပါတယ်။ [caption id="attachment_65942" align="alignright" width="395"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] လစ်သူယေးနီးယားသမ္မတကတော့ ယူကရိန်းဟာ သူအတွက်သူတင် တိုက်နေရတာ မဟုတ်ဘဲ ဥရောပတခုလုံးအတွက် တိုက်နေရတာ ဖြစ်တယ်။ ဘယ်သူကမှ သူနိုင်ငံရေး ဆုံးဖြတ်ချက်ကို သြဇာမပေးသင့်ဘူးလို့ ပြောပါတယ်။ ယူကရိန်းဟာ လစ်သူယေးနီးယားမှာ ရှိသမျှ ပေးနိုင်သမျှ အထောက်အပံ့အားလုံးကို ရမယ်လို့လဲ သူက ဆက်ပြောပါတယ်။ အရင်အပတ်က ယူကရိန်းကို လာခဲ့တဲ့ အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒင်းကလဲ ရုရှားနဲ့ ထိပ်တိုက်တွေ့နေတဲ့ ယူကရိန်းအတွက် ခိုင်ခိုင်မာမာ ထောက်ပံ့တယ်လို့ ပြောပေမယ့် စစ်ဘက် အကူအညီတွေကို မကမ်းလှမ်းခဲ့ပါဘူး။ ဒါပေမယ့် ဘယ်နေရာကနေ မော်တာနဲ့ပစ်နေတာလဲဆိုတာ အတိအကျ ထောက်လှမ်း နိုင်စွမ်းရှိတဲ့ အမေရိကန်ရေဒါစနစ်တွေ ပေးပို့မှုတရပ်ကတော့ ယူကရိန်းကို စတင် ရောက်ရှိနေပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up