တနင်္လာနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်
Published By
DVB | 25 November, 2014
872
0
Share
0
Comment
0
Likes

တနင်္လာနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာနဲ့ ဆောက်သမ်တန်တို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဗီလာက အိမ်ကွင်းမှာ ဦးဆောင်ဂိုး သွင်းယူနိုင်ပေမယ့် ဆောက်သမ်တန်က ၈၁ မိနစ်လောက်မှာ ချေပဂိုး သွင်းယူပြီး သရေတမှတ်စီ ခွဲယူလိုက်ရတာပါ။
ဗီလာအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လ၀က်ကစပြီး နိုင်ပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဆောက်သမ်တန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုး ဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့တာပါ။
ဒီပွဲသရေကျလို့ ဆောက်သမ်တန်က ၂၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၆ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ အက်စတွန်ဗီလာကတော့ ၁၂ မှတ်နဲ့ တန်းဆင်းဇုန် ရဲ့အထက် အဆင့် ၁၆ မှာ ရှိနေပါတယ်။