ဆိုရှယ်လစ်ဝါဒီ ၀န်ကြီးချုပ်ဟောင်းကို ပေါ်တူဂီရဲ့တပ်ဖွဲ့ ဖမ်းဆီး

ဝန်ကြီးချုပ်ဟောင်း ဂျို့ ဆိုကရက်တီး
ပေါ်တူဂီရဲတပ်ဖွဲ့ဟာ အရင် ဆိုရှယ်လစ်ဝါဒီ ၀န်ကြီးချုပ်ဟောင်း ဂျို့ ဆိုကရက်တီးနဲ့ တခြား လူ ၃ ဦးကို အခွန်တိမ်းရှောင်မှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ငွေကြေးခ၀ါချမှုတို့အတွက် သံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။ [caption id="attachment_71779" align="alignleft" width="300"]၀န်ကြီးချုပ်ဟောင်း ဂျို့ ဆိုကရက်တီး ၀န်ကြီးချုပ်ဟောင်း ဂျို့ ဆိုကရက်တီး[/caption] ကြေညာချက်ထဲမှာ ဆိုကရက်တီးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးလိုက်ပြီး ဘဏ်လုပ်ငန်းဆောင် ရွက်ချက်တွေ နဲ့ ငွေအလွှဲအပြောင်းနဲ့ပတ်သက်လို့ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးမှာ မေးမြန်းမယ်လို့ ဆိုပါတယ်။ ပေါ်တူဂီ အစိုးရ သတင်းအေဂျင်စီ လူစာမှာ ဖော်ပြချက်အရ ၀န်ကြီးချုပ်ဟောင်း ကို နိုင်ငံခြားကအပြန် လစ္စဘွန်း လေဆိပ်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဆိုကရက်တီးဟာ ၀န်ကြီးချုပ်ဘ၀ ဒုတိယသက်တမ်းဝက် ၂၀၁၁ ခုနှစ်မှာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်မှာ အကြွေးဝန်ထုပ်ဝန်ပိုး ပိနေတာကို ၀န်ကြီးချုပ်က နိုင်ငံတကာ အကူအညီတွေ တောင်းခံခဲ့ရပြီး အကျိုးဆက်အဖြစ် ပေါ်တူဂီမှာ တင်းကျပ်တဲ့ ချိုးခြံချွေတာရေး အစီအစဉ်တွေကို ချမှတ်ခဲ့ရပါတယ်။ ဒီနှစ်မှာ ကြားဖြတ် ရွေးကေက်ပွဲကို ကျင်းပခဲ့ပြီးနောက် ဗဟိုလက်ယာယိမ်း ညွန့်ပေါင်းက အာဏာရခဲ့ပါတယ်။ ရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် ဆိုကရက်တီးဟာ ပါရီကို ထွက်ခွာသွားပြီး တက္ကသိုလ် တက်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ မှာ ပြန်လာပြီး အာတီပီ ရုပ်မြင်သံကြားလိုင်းမှာ ပုံမှန် ဝေဖန်သုံးသပ်ချက်ပေးသူ ဖြစ်လာပြန်ပါတယ်။ ပေါ်တူဂီမှာ နောင်နှစ်ကျရင် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိပြီး ဗဟိုလက်ဝဲယိမ်း ဆိုရှယ်လစ်ပါတီက အနိုင်ရနိုင်ခြေ ရှိတယ်လို့ စစ်တမ်းတွေက ပြသနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up