အစိုးရက ရှုမြင်ချက်ပြောင်းပြီး လုပ်နေဟု သမ္မတရုံးအကြီးတန်းအရာရှိပြော
DVB
·
November 22, 2014
အစိုးရအနေနဲ့ အရင်ဖြေရှင်းနေကျ နည်းလမ်းတွေနဲ့မတူဘဲ ရှုမြင်ချက်ပြောင်းပြီး လုပ်ကိုင်ဆောင်ရွက်နေပြီလို့ သမ္မတရုံးအကြီးတန်းအရာရှိ ဦးဇော်ဌေးက ပြောပါတယ်။
နိုဝင်ဘာ ၂၂ရက်က နေပြည်တော်မှာပြုလုပ်တဲ့ "မြန်မာ့ပြုပြင်ပြောင်းလဲရေးခရီး ဘယ်အ ထိရောက်နေပြီလဲ" ဒီဗွီဘီ ဒီဘိတ်မှာ သူက အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကျောင်းသားတွေဆန္ဒပြကြတဲ့အရေးမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နေတာကို သူက ထောက်ပြပြီး အားလုံးနဲ့ဖွင့်ကစားနေတယ်လို့လည်း ဆိုပါတယ်။