ကိုပါကြီးဇနီး လူ့အခွင့်အရေးကော်မရှင်ကို ကန့်ကွက်စာ ပို့မည်
DVB
·
November 22, 2014
ကိုပါကြီး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးနေတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကိုပါကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာကို နိုဝင်ဘာ ၂၅ နောက်ဆုံးထားပြီး ထွက်ဆိုချက်ပို့ပေးဖို့ အကြောင်းကြား စာပေးပို့ထားပြီး ကာယကံရှင်ဘက်က ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပြန်ပို့မယ်လို့ သိရပါတယ်။
[caption id="attachment_70061" align="alignright" width="267"] ဒေါ်သန္တာ[/caption]
ကိုပါကြီးအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေနေ ဦးရောဘတ် ဆန်းအောင် က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ စစ်ဆေးချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိလို့ ကန့်ကွက်စာပေး ပို့မယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေးကော် မရှင် ဟာ ဒေါ်သန္တာ နဲ့ နောက်တယောက်ကိုပဲ တံခါးပိတ်စစ်ဆေးဖို့ ပြောဆိုထားပြီး ကာယကံရှင်ဘက်က ရှေ့နေနဲ့ ရှေ့နေလက်ထောက် အပါအ၀င်အမျိုးသမီးအဖော် ၂ ယောက်နဲ့ ပွင့်ပွင့်လင်းလင်းစစ်ဆေးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။