ဂျပန်ဝန်ကြီးချုပ် အောက်လွှတ်တော်ကို ဖျက်သိမ်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အောက်လွှတ်တော်ကို ဒီနေ့ ဖျက်သိမ်းလိုက်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ကျရင် ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပဖွယ် ရှိနေပါတယ်။ [caption id="attachment_71686" align="alignright" width="285"]ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး[/caption] ဖွဲ့စည်းပုံပုဒ်မ ၇ အရ လွှတ်တော်ကို ဖျက်သိမ်းလိုက်တဲ့ အကြောင်း ၀န်ကြီးချုပ်ရဲ့ ကြေညာ ချက်ကို အောက် လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားပါတယ်။ ၀န်ကြီးချုပ် အာဘေးဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဂျပန်နိုင်ငံကို နဂိုနေရာ မှာ ပြန်ရောက်စေ ရမယ်ဆိုတဲ့ ကတိက၀တ်နဲ့ အာဏာ ပြန်ရလာသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတပတ် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဂျပန်ဟာ တတိယ လေးလပတ်မှာ စီးပွားရေးပျက်ကပ်ထဲ ထိုးကျသွားတယ်ဆိုတာကို ပြသနေပါတယ်။ ပုံမှန်ဆိုရင် ဂျပန်မှာ အထွေထွေရွေးကောက်ပွဲကိုတော့ ၂၀၁၆ နှောင်းပိုင်းအထိ ကျင်းပစရာ မလိုအပ်ပါဘူး။ နောင်နှစ်ကျရင်တော့ ၀န်ကြီးချုပ်ဟာ လူကြိုက်နည်းတဲ့ မူဝါဒတွေ၊ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အဲဒီအထဲမှာ ၂၀၁၁ ဖူကူးရှီးမား နယူးကလီးယား ကပ်ဘေးနောက်ပိုင်း ရပ်ဆိုင်းထားတဲ့ ဓာတ်အားပေး စက်ရုံတွေကို ပြန်လည်ပတ်ဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ အဆာဟိသတင်းစာက ဒီနေ့ ထုတ်ပြန်ထားတဲ့ စစ်တမ်းမှာတော့ အာဘေးကို ထောက်ခံသူ ဦးရေက ၃၉ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ဒါဟာ ၂၀၁၂ ဒီဇင်ဘာမှာ အာဏာရလာတဲ့ နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up