မစင် လောင်စာသုံး ခရီးသည်တင်ကား ဗြိတိန်တွင် စတင်ပြေးဆွဲ

1.3K
လူမစင်နဲ့ စွန့်ပစ်အစားအစာတွေကို လောင်စာအဖြစ် အသုံးပြု မောင်းနှင်တဲ့ ပထမဆုံး ခရီးသည် တင်ကားကို ဗြိတိန်နိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ပြေးဆွဲပါတယ်။
[caption id="attachment_71681" align="aligncenter" width="440"]
ဓာတ်ပုံ - Wessex Water/PA[/caption]
ထိုင်ခုံ ၄၀ ပါတဲ့ ဇီဝ ခရီးသည်တင်ကားဟာ လူမစင်နဲ့ စွန်ပစ်အစားအစာတွေကနေ ထုတ်လုပ်တဲ့ ဘိုင်အိုမီသိန်း ဓာတ်ငွေနဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။
ဓာတ်ငွေ့ တိုင်ကီဟာ ၁၈၆ မိုင် မောင်းနှင်နိုင်ပြီး ဒီအတွက် လူ ၅ ဦးရဲ့ တနှစ်အတွင်း စွန့်ပစ်မစင် လိုအပ်တယ်လို့ ဆိုပါတယ်။
Bath ခရီးသည်တင် ကားကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ဘတ်နဲ့ ဘရစ္စတို လေဆိပ်ကို ပေးဆွဲမှာ ဖြစ်ပါတယ်။
ဒီကားဟာ ဒီဇယ်အင်ဂျင်သုံးကားတွေထက် မီးခိုးထုတ်လွှင့်မှုနည်းတယ်လို့ ဆိုပါတယ်။
