Live
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်နှင့်ဂျာမန်ဖွံ့ဖြိုးမှုအဖွဲ့ ဘဏ္ဍာရေးဆိုင်ရာ နားလည်မှု လက်မှတ်ထိုး (ဓာတ်ပုံ)
DVB
·
November 21, 2014
ပြည်သူ့လွှတ်တော်နဲ့ ဂျာမန်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဂျီအိုင်ဇက်) တို့အကြား ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူပြုရေး နားလည်မှုစာချွန်လွှာ (အမ်အိုယူ) လက်မှတ်ရေးထိုးပွဲကို ဒီနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်ဝင်းအတွင်း C ဆောင် အပေါ်ထပ် အစည်းအဝေးခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပြီး အခု လက်မှတ်ရေး ထိုးလိုက်တဲ့ နားလည်မှုစာချွန်လွှာအရ ဂျီအိုင်ဇက်အနေနဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာ နည်းပညာပိုင်းနဲ့ ၀န်ထမ်းတွေရဲ့ အရည်အသွေးပိုင်း မြှင့်တင်မှုကဏ္ဍတွေမှာ အကူအညီပေးသွားမယ်လို့  ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် အမတ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ "ပြည်သူလွှတ်တော်မှာ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြုရမယ့်ဟာတွေ ရှိပါတယ်။ ဒီလိုဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ဥပဒေပြုရေးကိစ္စတွေမှာ အထောက်အကူရရှိရေးအတွက် နည်းပညာနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ဂျီအိုင်ဇက်က အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ ဒါအပြင် ပြည်သူ့လွှတ်တော်ဝန်ထမ်းတွေနဲ့ လွှတ်တော်ကော်မတီဝင်တွေ အတွက် အရည်အသွေးပိုင်း မြှင့်တင်ပေးနိုင်ဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်။" သတင်းဓာတ်ပုံ - မြတ်သူရ [gallery ids="71646,71647,71648,71649,71650"]

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024