ကမ္ဘာ့ဖလားကျင်းပခွင့် အလွဲသုံးစားမှုစွပ်စွဲချက် ဖီဖာ အယူခံတင်

၂၀၁၈ နဲ့  ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်အတွက် ရွေးချယ်ရာမှာ တစုံတယောက်ရဲ့ အလွဲသုံးစားမှု ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အယူခံ ပြန်တင်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့က ဖီဖာက အဲဒီစွပ်စွဲချက်နဲ့ပက်သက်လို့ အမှုဖွင့်ဖို့ ခိုင်လုံတဲ့ အကြောင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလက်တာက ဖီဖာ ကျင့်ဝတ် ဆိုင်ရာ တရားသူကြီးရဲ့ အဆိုပြုတင်ပြချက်အရ သူ့အနေနဲ့ တာဝန်အရ ဆွစ်ဇာလန် တရားရုံးမှာ အယူခံတင်ထားတယ်လို့  ပြောပါတယ်။ စွပ်စွဲချက်ကို စုံစမ်းဖို့အတွက် ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးကို ဖီဖာက တောင်းဆိုလိုက်တာပါ။ အရင်တပတ်က ဖီဖာအဖွဲ့ ကျင့်ဝတ်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မိုက်ကယ် ဂါစီယာက ဖီဖာအဖွဲ့ဟာ စုံစမ်းတဲ့အချိန်က မှားယွင်းတင်ပြခဲ့တယ်လို့ ပြောဆိုခဲ့ပြီးနောက် ရုရှားနဲ့ ကာတာကို ကမ္ဘာ့ဖလားကျင်းပခွင့် ပေးအပ်ခဲ့တဲ့ကိစ္စအပေါ် စွပ်စွဲခံထားရတဲ့ ပြဿ   နာက ပြေလည်မှုမရဘဲ အသစ်ပြန်ဖြစ်လာပါတယ်။ 1416086817887_wps_31_FILES_A_file_picture_take ဒီကိစ္စ အယူခံ တင်ပြထားတာကို ဘလက်တာက ဖီဖာ ၀က်ဘ်ဆိုက်မှာ ဖြေကြားထားပါတယ်။ ဒါပေမ့ယ် အမှုနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေတွေကို သူ့အနေနဲ့ မှတ်ချက်ပေးဖို့တော့ ငြင်းဆန်ပါတယ်။ “ကျနော်ဟာ ရှေ့နေ့ တယောက်မဟုတ်တဲ့အတွက်ရော၊ အစီရင်ခံစာကို ဖတ်ရသူ မဟုတ်တဲ့အတွက်ရော မှတ်ချက်ပေးမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ ဒါပေမယ့် ဖီဖာ အဖွဲ့ရဲ့ ကျင့်ဝတ်ဆိုင်ရာနဲ့ တရားသူကြီးရဲ့ အကြံပြုချက်အတိုင်း တာဝန်အရ အယူခံ တင်ထားတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာကို အပြည့်အစုံ ထုတ်ပြန်ဖို့ ကိစ္စဟာလည်း ဖီဖာရဲ့ လုပ်ပိုင်ခွင်ဘောင်ထဲမှာ မရှိတဲ့ ကိစ္စဖြစ်ပြီး၊ ဒီလိုလုပ်ရင် ဖီဖာဥပဒေနဲ့ နိုင်ငံဥပဒေကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့လည်း ဘလက်တာက ပြောပါတယ်။

More News
Up