Home
အနုပညာ
ဂျပန်ရုပ်ရှင်ပွဲ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတွင် ဆင်နွှဲ
DVB
·
November 20, 2014
happyflightဂျပန်ရုပ်ရှင်ပွဲတော်တရပ်ကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ ကျင်းပနေပြီး ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ် ကျင်းပနေတယ်လို့ ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ Happy Flight ဇာတ်ကားအပါအ၀င် ဂျပန်ရုပ်ရှင်ဇာတ်ကား ၅ ကား ပြသမှာဖြစ်ပြီး ရန်ကုန်မှာ နိုဝင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်ထိ နေပြည်တော်ရုပ်ရှင်ရုံမှာ ပြသမှာဖြစ်ပါတယ်။ တောင်ကြီးမှာ အခုလဆန်းပိုင်းက ပြသခဲ့ပြီးဖြစ်ပြီး မန္တလေးမြို့မှာတော့ ဒီဇင်ဘာ ၁၉ ရက်မှာ စတင်ပြသမယ်လို့ သတင်းကဆိုပါတယ်။ ဂျပန်ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုလိုကြတဲ့ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းမှာရှိတဲ့ ဂျပန်သံရုံးကို ဆက်သွယ်နိုင်ကြောင်းလည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024