မက်ဆီကိုကျော်ဖြတ်ပြီး နေမာ အကောင်းဆုံးကစားသမားဖြစ်လာမည်ဟု ရိုမာရီယိုပြော

Naymarဘာစီလိုနာအသင်း တိုက်စစ်မှူးနေမာဟာ  အသင်းဖော်မက်ဆီကို  ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမား ဖြစ်လာလိမ့်မည်လို့ ဘရာဇီးလ်ရဲ့ ဂန္တ၀င်ကစားသမား ရိုမာရီယိုက ပြောလိုက်ပါတယ်။ နေမာဟာ မက်ဆီထက် ပိုသာတဲ့  မှတ်တမ်းတွေကို  ထားခဲ့နိုင်မှာ  သံသယ ရှိစရာ မလိုဘူးလို့ ၁၉၉၄ ခုနှစ် ကမ္ဘာဖလားရခဲ့တဲ့ ဘရာဇီးလ်အသင်းက အဓိက ကစားသမား  ရိုမာရီယိုက ပြောဆိုလိုက်တာပါ။ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ထပ်ယှဉ်ပြိုင်ပြီး ဗိုလ်မစွဲနိုင်တော့ပေမယ့် နေမာကတော့ နောက်ထပ် ၃၊ ၄ ကြိမ်လောက် ပါဝင်ယှဉ်ပြိုင်ရမယ်လို့ ရိုမာရီယိုက  ဘရာဇီးသတင်းဌာန Revista Trip နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ ဘရာဇီးလ်အသင်းအတွက်  လက်ရှိ ၄၂ ဂိုး သွင်းယူပေးထားတဲ့  နေမာဟာ သူရဲ့  ၅၅ ဂိုးစံချိန်ကို မကြာခင် ကျော်ဖြတ်နိုင်မည်လို့ သူက ဟောကိန်းထုတ်လိုက်ပါတယ်။

More News
Up