ဂျပန်ကရာတေးဒို ချန်ပီယံဖလားပြိုင်ပွဲ အောင်ဆန်းကွင်းတွင် ကျင်းပမည်
Published By
DVB | 19 November, 2014
1K
0
Share
0
Comment
0
Likes

ဂျပန်မြန်မာ ချစ်ကြည်ရေးအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဂျပန် ကရာတေးဒို ချန်ပီယံဖလားပြိုင်ပွဲကို ရန်ကုန်မြို့ အောင်ဆန်းမိုးလုံလေလုံ အားကစားကွင်းမှာ လာမယ့် နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ပြီး ၂၁ ရက်နေ့မှာ ဆုပေးပွဲ အခမ်းအနားကို ပြုလုပ်မှာပါ။
ဂျပန် ကရာတေးဒို ချန်ပီယံဖလားပြိုင်ပွဲကို ရန်ကုန်အခြေစိုက် ဂျပန် ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များအဖွဲ့ရဲ့ ထောက်ပံ့မှုဖြင့် ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။