Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများဆန္ဒကို စေ့စပ်ညှိနှိုင်းပေးမည်ဟု ကမ်းလှမ်း
DVB
·
November 18, 2014
ကျောင်းသားလူငယ်တွေရဲ့ဆန္ဒသဘောထားများကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေ မှာတင်ပြဆွေးနွေးနိုင်ဖို့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ က အကျိုးဆောင် စေ့စပ်ညှိနှိုင်းပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်းက ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မှာ ၄ ရက်ကြာ သပိတ်ဆင်နွဲပြီး ရက်ပေါင်း ၆၀ အတွင်း တောင်းဆိုချက်တွေကို အစိုးရက ဖြေရှင်းဆောင်ရွက်ပေးဖို့ ရာဇသံပေးလိုက်ပြီးနောက် ခုလို ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။ d1ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြထားတဲ့ ပညာရေးမြှင့်တင်မှု အကောင်အတည် ဖော်ရေးကော်မတီရဲ့သတင်းထုတ်ပြန်ချက်မှာတော့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ထုတ်ပြန်ချက်တွေကို သုံးသပ်ရှင်းလင်းချက်တွေနဲ့ တကွ ပြန်လည်တုံ့ပြန်ထားပါတယ်။ အမျိုးသားပညာရေး ဥပဒေ ရေးဆွဲရာမှာ ကျောင်းသား၊ ဆရာ ဆရာမ၊ မိဘပြည်သူများနဲ့ ပညာရေးနဲ့ ဆက်နွှယ်နေသူတွေအားလုံးထံ တင်ပြပြီး အားလုံးဝိုင်းဝန်း ဆွေးနွေးအကြံပြုချက် များအပေါ် စုစည်းကာ အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်ရရှိတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တာလို့လည်း ဆိုထားပါတယ်။ ဒါ့ပြင် ဆက်လက် ရေးဆွဲပြုစုနေတဲ့ အမျိုးသားပညာရေး နည်းဥပဒေနဲ့ တက္ကသိုလ် ပဋိညာဉ် မူကြမ်းတွေကို ရေးဆွဲ တင်ပြသွားမှာဖြစ်ပြီး ကျောင်းသားလူငယ်၊ ဆရာဆရာမ၊ မိဘပြည်သူတွေ နဲ့ ပညာရေးနဲ့ ဆက်နွှယ်သူတွေ အစုအဖွဲ့အလိုက်ဖြစ်စေ တဦးချင်းဖြစ်စေ တင်ပြ ဆွေးနွေးချက်တွေအပေါ် ၀ိုင်းဝန်းညှိနှိုင်းရေးဆွဲနိုင်ဖို့ ပူးပေါင်းပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024