အမေရိကန်နိုင်ငံ၏ ပထမဆုံး ဆေးခြောက်လေလံပွဲ ပြုလုပ်

794
ဆေးခြောက်စိုက်ပျိုး ဖြန့်ချိသူတွေဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဆေးခြောက် လေလံပွဲအတွက် ဝါရှင်တန်ပြည်နယ် ပရိုဆာမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က စုရုံးခဲ့ကြပါတယ်။
ဆီယတ်တယ်မြို့ပြင် မိုင် ၂၀၀ နီးပါးအကွာက ဖိုင်းယားဝိ စိုက်ပျိုးရေးလုပ်ငန်းက ဆေးခြောက် ပေါင်ချိန် ၅၀၀ ကျော် လေလံပစ်ခဲ့ပါတယ်။
လုပ်ငန်းပိုင်ရှင် ရန်ဒီ ဝီလျံစ်က အချိန်နည်းနည်း နားနိုင်ဖို့ ဆေးခြောက်တွေကို လေလံပစ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ပြောပါတယ်။
ဆောင်းတွင်းမှာ ဒီမှာ မနေချင်လို့ စောစောထွက်ချင်နေတာ ဒါကြောင့် ၁ ဂရမ် အထုပ်လေးတွေ ထုပ်ပိုးခဲ့တယ်လို့ သူ့လုပ်ဖော်ကိုင်ဖက် ဂျက်ရွန်က ပြောပါတယ်။
လေလံပွဲမှာ ဆေးခြောက်အမျိုး ၂၀ လောက် လေလံပစ်ခဲ့ပြီး ၁ ဂရမ်ကို ၂ ဒေါ်လာခွဲကနေ ၇ ဒေါ်လာထိ ရောင်းချပါတယ်။
လေလံပွဲက အမေရိကန်ဒေါ်လာ ၆ သိန်းလောက်ရခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
လေလံပွဲကို ပြည်နယ်တွင်း စိုက်ပျိုးဖြန့်ချိသူတွေပဲ ပါဝင်ဖို့ ဖိတ်ခဲ့တာပါ။ ဝါရှင်တန်ပြည်နယ် ဟာ ဒီနှစ် အစောပိုင်းက အမေရိကန်နိုင်ငံတွင်း အပန်းဖြေဖို့ ရည်ရွယ်ချက်နဲ့ ဆေးခြောက် ရောင်းချခွင့် ပြုတဲ့ ဒုတိယမြောက်ပြည်နယ် ဖြစ်လာပါတယ်။
