မသန်စွမ်းသူများ စွမ်းရည်ပြပွဲ ကျင်းပ ပြုလုပ်
DVB
·
November 17, 2014
ရွှေမင်းသားဖောင်ဒေးရှင်းမှာ ဦးဆောင်ကျင်းပတဲ့ မသန်စွမ်းသူတွေရဲ့ စွမ်းရည်ပြပွဲကြီးကို နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါ်စုစုလှိုင်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ မင်္ဂလာတောင်ညွှန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှာ ဗိုလ်မှူးကြီး မျိုးမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ပိုလန်သံရုံးမှ တာဝန်ရှိသံတမန်တွေ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ အတွင်းရေးမှူး ဦကျော်စိုး၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ နေလည်ပိုင်းက လှည်းကူးမြို့မှာ ခေတ္တ ရပ်နားပြီး ညနေပိုင်းမှာ မြို့ခံများကို မသန်စွမ်းသူများက အနုပညာဖြင့် ဖျော်ဖြေခဲ့ပါတယ်။
နိုဝင်ဘာ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ထွက်ခွာခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ကို ချောမွေ့ အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။
ဓာတ်ပုံ - ရွှေမင်းသားဖောင်ဒေးရှင်း
[gallery ids="71219,71220,71221,71222,71223,71224,71225,71226"]