ATP World Tour Final ပွဲစဉ် ဂျိုကိုဗစ် ချန်ပီယံ ဆွတ်ခူး

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_71198" align="alignright" width="330"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] လန်ဒန်မှာ နိုဝင်ဘာ ၁၆ ရက်နေ့က ယှဉ်ပြိုင်တဲ့ ATP World Tour Final ဗိုလ်လုပွဲစဉ်မှာ ရော်ဂျာ ဖက်ဒရာ နုတ်ထွက်သွားလို့ နိုဗက် ဂျိုကိုဗစ် အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ အသက် ၃၃ နှစ်အရွယ် ဖက်ဒရာဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ရတဲ့ နောက်ကြော ဒဏ်ရာ ပြဿ     နာကြောင့် ပြိုင်ပွဲကို နှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၂ ဖက်ဒရာဟာ ဒီပြိုင်ပွဲမှာ ၆ ကြိမ် ချန်ပီယံ ဖြစ်ဖူးထားပြီး ဗိုလ်လုပွဲမှာ မကစားနိုင်တဲ့အတွက် ပရိသတ်ကို တောင်းပန်စကား ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၁ ဂျိကိုဗစ်ကတော့ ATP World Tour Final ပွဲစဉ်မှာ ၃ နှစ် ဆက်တိုက် ဗိုလ်စွဲတဲ့သူအဖြစ်လည်း မှတ်တမ်း ၀င်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up