ယူရို ၂၀၁၆ ခြေစစ်ပွဲ ရလဒ်များ
Published By
DVB | 17 November, 2014
721
0
Share
0
Comment
0
Likes

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွေမှာ နာမည်ကြီး အသင်းတွေထဲက နယ်သာလန် နိုင်ပြီး အီတလီအသင်း သရေကျသွားပါတယ်။
နယ်သာလန်ဟာ အိမ်ကွင်းမှာ ဗန်ပါစီ၊ ရော်ဘင်နဲ့ ဟွန်တဲလားတို့ရဲ့ ဂိုးတွေနဲ့ လတ်ဗီးယားကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ ဒီပွဲနိုင်လိုက်လို့ နယ်သာလန်အသင်းရဲ့ ခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်သွားပါတယ်။
နည်းပြ ဟစ်ဒင့်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ ခြေစစ်ပွဲတွေမှာ ၂ ပွဲအထိ ရှုံးထားလို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အုပ်စု (အေ)မှာ နယ်သာလန်က ၆ မှတ်နဲ့ ဇယားထိပ်က ချက်ရဲ့နောက်မှာ ၆ မှတ်အကွာနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
နာမည်ကြီး အီတလီကတော့ အိမ်ကွင်းမှာ ခရိုအေးရှားနဲ့ တဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲမှာ ပရိတ်သတ်တွေက ကွင်းထဲကို မီးကျဉ်တွေနဲ့ ပစ်ပေါက်လို့ ရဲက ၀င်ရောက်ထိမ်းသိမ်းခဲ့ရပြီး ပွဲကို ခဏ ရပ်နားခဲ့ရပြီးမှ ပြန်စခဲ့ရတာပါ။ ဒီပွဲ သရေကျလို့ ခရိုအေးရှားက ၁၀ မှတ်နဲ့ ဦးဆောင်နေပြီး အီတလီကလည်း အမှတ်တူနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။