အင်တာမီလန်ကို လမ်းကြောင်းမှန် ပြန်ရောက်အောင် လုပ်ပေးမည်ဟု မန်စီနီပြော

အင်တာမီလန်ကို အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နည်းပြမန်စီနီက ပြောဆိုလိုက်ပါတယ်။ အင်တာအသင်းဟာ လောလောဆယ် စီးရီးအေမှာ ရလဒ်တွေ ဆိုးဝါးနေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၉  နေရာမှာ ရှိနေလို့ နည်းပြ မက်ဇာရီကို ထုတ်ပယ်ခဲ့တာပါ။ [caption id="attachment_71031" align="alignright" width="274"]Inter Boss Mancini မန်စီနီ[/caption] အဲဒီနောက်မှာ နည်းပြဟောင်း မန်စီနီကို နိုဝင်ဘာ ၁၅ ရက်နေ့က တကျော့ပြန် နည်းအဖြစ်နဲ့ ခန့်အပ်ထားတာပါ။ မန်စီနီဟာ အင်တာကို ၂၀၀၄ ကနေ ၂၀၀၈ အထိ  နည်းပြ တာဝန်ယူခဲ့ဖူးပြီး အသင်းကို စီးရီးအေ ချန်ပီယံဆု ၃ ကြိမ် ဆက်တိုက်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာ အဲဒီနောက်မှာ မန်စီးတီးနဲ့ တူရကီကလပ် ဂါလာတာစာရေတို့မှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ မန်စီးတီးမှာ နည်းပြအဖြစ် ရှိနေစဉ်အသင်းကို ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတွေ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

More News
Up