တရုတ်နိုင်ငံက မောင်းသူမဲ့ကားပြိုင်ပွဲ (ဓာတ်ပုံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျန်ဇူး ပြည်နယ်မှာ မောင်းသူမဲ့ ကားပြိုင်ပွဲကို မနေ့ မနက်ပိုင်းက စတင်ကျင်းပပါတယ်။ နှစ်ရက်ကြာ ပြိုင်ပွဲမှာ မောင်းသူမဲ့ ကား ၂၂ စီး ၀င်ပြိုင်နေကြပါတယ်။ တက္ကသိုလ်နဲ့ သုတေသန အင်စတီကျူ   စုစုပေါင်း ၁၄ ဌာနက တီထွင်ဖန်တီးထားတဲ့ ကားတွေဖြစ်ပါတယ်။ ကားပြိုင်ပွဲမှာ အုပ်စု ၂ စုခွဲခြားထားပြီး အမြန်လမ်းနဲ့ ကျေးလက်လမ်းအုပ်စုနဲ့ မြို့ပေါ်လမ်းအုပ်စု ဆိုပြီး ခွဲခြားထားပါတယ်။ ပထမနေ့ ပြိုင်ပွဲမှာ ၁၅ ကီလိုမီတာ ခရီးကို ရေကန်တကန်ပတ်ပြီး မောင်းနှင်ရတာ ဖြစ်ပါတယ်။ အခက်ခဲဆုံး နေရာမှာတော့ မောင်းသူမဲ့ ကားဟာ ၉၀ ဒီဂရီကို ချိုးကွေ့ရဖို့ရှိပါတယ်။ လုံခြုံမှု၊ ကျွမ်းကျင်မှု၊ ချောမွေ့မှုနဲ့ လျင်မြန်မှု ဆိုတဲ့ အရည်အချင်းပေါ် မူတည်ပြီး အမှတ်ပေးပါတယ်။ အရင်က အခုလို ပြိုင်ပွဲမျိုး ၅ ကြိမ်လုပ်ခဲ့ပြီး ဒါကတော့ ၆ ကြိမ်မြောက်ဖြစ်ပါတယ်။ အနာဂတ် စိန်ခေါ်မှု uture Challenge မောင်းသူမဲ့ကား ပြိုင်ပွဲကို အမျိုးသားသား သဘာဝသိပ္ပံဖောင်ဒေးရှင်းက ၂၀၀၉ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ [gallery ids="71001,71002,71003,71004,71005"]

More News
Up