စပိန်နှင့် အင်္ဂလန်အနိုင်ရပြီး ဆွီဒင်သရေကျသွားသည့် ယူရိုခြေစစ်ပွဲ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွေမှာ နာမည်ကြီး အသင်းတွေထဲက စပိန်နဲ့ အင်္ဂလန်တို့ အနိုင်ရပြီး ဆွီဒင် သရေကျသွားပါတယ်။ _79042016_waynerooneyစပိန်က အိမ်ကွင်းမှာ ဘီလာရုပ်စ်ကို ၃ ဂိုး ပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ စပိန်က ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ တဖက်သတ် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်လို့ အုပ်စု (စီ)မှာ စပိန်က ၉  မှတ်နဲ့ စလိုဗက်ကီးကားရဲ့နောက် ၃ မှတ်ကွာနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အင်္ဂလန်ကလည်း အိမ်ကွင်းမှာပဲ စလိုဗေးနီးယားကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ အနိုင်ဂိုးတွေကို ရွန်နီက ပင်နယ်တီကတဆင့် ၁ ဂိုးနဲ့ ၀ဲလ်ဘက်က ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ ဒီပွဲဟာ အသင်းခေါင်းဆောင် ရွန်နီအတွက် နိုင်ငံတကာပွဲ ၁၀၀ ပြည့်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ နိုင်ပွဲဆက်နေတဲ့ အင်္ဂလန်ဟာ အုပ်စု (အီး) မှာ ၁၂ မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ဆွီဒင်ကတော့ အဝေးကွင်းမှာ မွန်တီနီဂရိုနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဆွီဒင်ဟာ တိုက်စစ်မှူး အီဗရာအီမိုဗစ်ခ်ျရဲ့ ပွဲအစ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် မိနစ် ၈၀ လောက်မှာ ပင်နယ်တီကနေ ချေပဂိုး ပြန်ပေးလိုက်ရတာပါ။ ဒီပွဲသရေကျလို့  ဆွီဒင်ဟာ အုပ်စု (ဂျီ)မှာ ရမှတ် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

More News
Up