ကိုလံဘီယာက နိုင်ငံတကာ တက်တူးပွဲတော်

ဓာတ်ပုံ - teakdoor.com
နိုင်ငံတကာ တက်တူး ပွဲတော်ကို ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာမြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့က စတင် ကျင်းပနေပါတယ်။ [caption id="attachment_70952" align="aligncenter" width="483"]ဓာတ်ပုံ - teakdoor.com ဓာတ်ပုံ - teakdoor.com[/caption] တက်တူးပွဲတော်အတွင်း ကမ္ဘာမှာ ဒုတိယအများဆုံး ထိုးထားတဲ့ မတ်ဂွန်းက သူ့ခြေထောက်မှာ ကိုလံဘီယာ အလံကို ထိုးခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ၉၉ ရာခိုင်နှုန်းဟာ ဆေးမင်ကြောင်းတွေ ထိုးထားပြီးသား ဖြစ်ပါတယ်။ ဘိုဂိုတာမြို့မှာ နှစ်စဉ် တက်တူး ပွဲတော်ကို ကျင်းပနေတာ ဒီနှစ်ပါဆိုရင် ၈ နှစ်မြောက် ဖြစ်ပါတယ်။ တက်တူး ယဉ်ကျေးမှုနဲ့ပတ်သက်လို့ အသိပညာပြန့်ပွားစေဖို့နဲ့ တက်တူးကို အနုပညာတရပ်အဖြစ် အများလက်ခံလာအောင် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ၂၀၁၄ အတွက် Miss Tattoo အလှမယ်ပြိုင်ပွဲ ကျင်းပ ရွေးချယ်ဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up