နောက်ပြန်ပစ်ချက်ဖြင့် ကမ္ဘာ့စံချိန်တင်လိုက်သည့် အမေရိကန်ဘတ်စကက်ဘော ကစားသမား

1.2K
အမေရိကန် ဘတ်စကက်ဘော ကစားသမား ကော်ရီ သန်ဒါ လောဟာ အဝေးဆုံး နောက်ပြန် ပစ်သွင်းချက်နဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ကမ္ဘာ့စံချိန်တင်လိုက်ပါတယ်။
ဟာလမ်း ဂလုတ္ထရုတ္တားစ် Harlem Globetrotters ဘတ်စကက်ဘောအသင်းရဲ့ ကစားသမားဟာ အရီဇွန်နား ပြည်နယ် ဖီနစ်မြို့က US Airways Center မှာ ၂၄ မီတာအကွာအဝေး၊ ၈၂ ပေ အကွာအဝေးကနေ နောက်ပြန်ပစ်သွင်းနိုင်ခဲ့လို့ ဂရင်းနစ် စံချိန်သစ်ကိုလည်း တင်လိုက်နိုင်ပါတယ်။
ဂရင်းနစ် စံချိန်အဖွဲ့က ကိုယ်စားလှယ်တဦးကလည်း မှတ်တမ်းတင် လက်မှတ်ကို တခါတည်း ပေးအပ်ခဲ့ပါတယ်။
ဘတ်စကက် ဘောလုံးကို ဂိုးပေါက်ထဲ နောက်ပြန် ပစ်သွင်းချက်မှာ ဂိုးနောက်က အကာကိုတောင် မထိဘဲ တည့်တည့်မတ်မတ်ဝင်သွားတာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်က နောက်ပြန် ပစ်သွင်းတဲ့ အကွာအဝေး စံချိန်က ၁၀ ပေဖြစ်လို့ စံချိန်သစ်က စံချိန်ဟောင်းကို အပြတ်အသတ် ချိုးလိုက်နိုင်ပါတယ်။
