ရှန်ဟိုင်းမြို့က အိပ်ရာကုတင် မနက်စာစားပွဲ ဂရင်းနစ်စံချိန်တင်

Photo - APTN/CBS
830
ရှန်ဟိုင်းမြို့ခံတွေဟာ နိုဝင်ဘာ ၁၂ ရက်နေ့က အိပ်ရာကုတင်မှာ အုပ်စုဖွဲ့ မနက်စာ အတူစားပြီး ဂရင်းနစ် စံချိန်သစ်တင်လိုက်ကြပါတယ်။
[caption id="attachment_70800" align="aligncenter" width="427"]
Photo - APTN/CBS[/caption]
လူပေါင်း ၃၈၈ ယောက်ဟာ မနက်စာကို ပူဒေါင်း ရှန်ဂရီလာ ဟိုတယ်ရဲ့ အိပ်ရာကုတင်မှာ အတူစားပြီး စံချိန်သစ်ကို တင်လိုက်ကြတာပါ။ ပါဝင်သူတွေထဲမှာ ရင်သားကင်ဆာရောဂါ ခံစားနေရသူတွေနဲ့ ကလေးလူနာတွေ ပါဝင်ပါတယ်။
ဟိုတယ် ခန်းမကြီးထဲက အိပ်ရာကုတင် ၂၀၂ လုံးမှာ ထိုင်ပြီး မနက်စာကို အတူစားခဲ့ကြတာပါ။
အိပ်ရာမှာ မနက်စာစားတာဟာ ပထမဆုံးပဲလို့ ပါဝင်သူတယောက်က ပြောပါတယ်။
ကုတင်ပေါ်မှာ အုပ်စုဖွဲ့ မနက်စာစားတဲ့ နောက်ဆုံး စံချိန်က ၂၀၁၂ ခုနှစ် မတ်လက သြစတြေးလျမှာ ဖြစ်ခဲ့ပြီး အဲဒီအချိန်က လူပေါင်း ၂၈၈ ယောက် ပါဝင်ခဲ့ကြပါတယ်။
