ကုလအထူးကိုယ်စားလှယ် ငြိမ်းချမ်းရေးအဆိုပြုချက် ဆီးရီးယားအစိုးရ စဉ်းစားနေဟု ဆို

ဓာတ်ပုံ- ရိုက်တာ
876
ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အဆိုပြုတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ဆီးရီးယားအစိုးရက အထူးအလေးထား စဉ်းစားနေတယ်လို့ ကုလအထူးကိုယ်စားလှယ်က ပြောဆိုပါတယ်။
[caption id="attachment_70725" align="alignright" width="414"]
ဓာတ်ပုံ- ရိုက်တာ[/caption]
ဆီးရီးယားသမ္မတ အာဆတ်နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ လက်ခံ စဉ်းစားမယ်လို့ ပြောဆိုခဲ့ပြီး နောက်တရက်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
ငြိမ်းချမ်းရေးအစီအစဉ်ကို ဆီးရီးယားသူပုန်တွေကိုလည်း ချပြထားပြီး သူတို့ရဲ့ တုန့်ပြန်ချက်ကို စောင့်နေတယ်လို့လည်း ဆီးရီးယားနိုင်ငံကို ၃ ရက်ကြာခရီး မစတင်ခင်မှာ ကုလ အထူးသံသမန်က ပြောဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေးအစီအစဉ်အပေါ် ဆီးရီးယားသူပုန်တွေဖက်က တုန့်ပြန်မှုကလည်း အရေးကြီးပြီး အခုချိန်အထိတော့ တုံ့ပြန်မှု မရှိသေးဘူးလို့ ပြောဆိုပါတယ်။
အလစ်ပိုမြို့က စတင်အပစ်အခတ်ရပ်စဲပြီး လူသားချင်းအကူအညီတွေကို ခွင့်ပြုဖို့၊ အဲဒီကနေမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ ငြိမ်းချမ်းရေး အစီအစဉ်မှာ ပါဝင်ပါတယ်။
ဆီးရီးယားသူပုန်တွေကတော့ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေအားလုံး သမ္မတ အာဆတ်ရဲ့ စစ်တပ်ဖက်ကိုပဲ အခွင့်အရေး ရသွားစေတာချည်းပဲဆိုပြီး ကုလငြိမ်းချမ်းရေး အစီအစဉ်ကို ပယ်ချထားပါတယ်။
