Home
မြန်မာသတင်း
စစ်ဆင်ရေးအသုံးစရိတ် လျော့ချရန်အဆို ရှုံးနိမ့်
DVB
·
November 12, 2014
Burma-military-621x306ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆင်ရေးအသုံးစရိတ် ကျပ်သန်း ၁၀၀ လျော့ချဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရာမှာ ကန့်ကွက်မဲများတဲ့အတွက် အဆိုရှုံးနိမ့်သွား ပါတယ်။ စစ်ဆင်ရေးအသုံးစရိတ်လျော့ချဖို့ကို ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်ရဲ့ အဆုံးအဖြတ် အတိုင်း လိုက်နာမယ်လို့ ပြောပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲများတဲ့အတွက် မူလ တင်ပြချက်အတိုင်း ခွင့်ပြုခဲ့တာပါ။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး၊ သမ၀ါယမ၊ လယ်ဆည်၊ လျှပ်စစ်စွမ်းအား၊ဆောက်လုပ်ရေးစတဲ့ အစိုးရဌာနအဖွဲ့အစည်းတွေရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်ယူဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဗိုလ်ရှုခံစင်မြင့်တည်ဆောက်ဖို့အတွက် ကျပ်သန်း ၆၄၅၀ ဒသမ ၆၆၃ ကို နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲကနေ လွှဲပြောင်းသုံးစွဲဖို့ကိုလည်း လွှတ်တော် က သဘောတူခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024