၂၀၁၅ အာဖရိက ဘောလုံးပြိုင်ပွဲ မော်ရိုကိုနိုင်ငံတွင် လက်ခံကျင်းပတော့မည် မဟုတ်

Caf-logo-၂၀၁၅ အာဖရိကဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်  မော်ရိုကိုနိုင်ငံက လက်ခံကျင်းပတော့ မှာ မဟုတ်ဘူးလို့ အာဖရိကဘောလုံးအဖွဲ့ချုပ်က အတည်ပြု လိုက်ပါတယ်။ မော်ရိုကိုဟာ အာဖရိတိုက်မှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ကူးစက်မှုရောဂါ အန္တရာယ်ကို စိုးရိမ်လို့ ကျင်းပဖို့ ငြင်းဆန်လိုက်တာပါ။ အာဖရိ နိုင်ငံပေါင်းစုံ ဘောလုံးပြိုင်ပွဲကို လာမယ့် ဇန်န၀ါရီလမှာ ကျင်းပမှာ ဖြစ်ပေမယ့် အိမ်ရှင် လုပ်မယ့် နိုင်ငံအသင်းကို ကြေညာနိုင်ခြင်းတော့ မရှိသေးပါဘူး။ အီဂျစ်နိုင်ငံတော့ နိုင်ငံတွင်းက နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ လောလောဆယ်မှာတော့ အာဖရိကဘောလုံးအဖွဲ့ချုပ်က အိမ်ရှင် လုပ်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံ ၃ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အာဖရိကတိုက် အနောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကြောင့် လူပေါင်း ၅ ထောင်လောက် သေဆုံးခဲ့ပြီး ၁ သောင်းလောက် ရောဂါ ကူးစက်ခံနေရပါတယ်။

More News
Up