လိပ်ကျွန်းလူသတ်မှု ဗြိတိန်ရဲများ၏ သုံးသပ်ချက် အစီရင်ခံစာတင်မည်
DVB
·
November 11, 2014
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရတဲ့ လူသတ်မှုကို လာရောက် စုံစမ်းတဲ့ ဗြိတိန် ရဲတွေရဲ့ သုံးသပ်ချက်ကို အစီရင်ခံစာကို တင်သွင်းမှာ ဖြစ်ပါတယ်။
[caption id="attachment_70537" align="alignright" width="357"] ဗြိတိန်ရဲဝန်ထမ်းများ လိပ်ကျွန်းကို သွားရောက်စစ်ဆေးစဉ်[/caption]
စကော့တလန်ယာဒ့် ရဲတပ်ဖွဲ့ ကတော့ ထိုင်းအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်တဲ့အကြောင်း ထုတ်ပြန်ပါတယ်။
"ဟန်နာနဲ့ ဒေးဗစ်မေလာ လူသတ်မှုကို စုံစမ်းစစ်ဆေးတာကို ပြန်လည် သုံးသပ်တဲ့ ဗြိတိန်က ထောက်လှမ်းရေးအရာရှိတွေရဲ့ အလုပ်တွေ ပြီးဆုံးသွားပါပြီ။ သူတို့ အခု ဗြိတိန်ကို ပြန်လာပြီး အစီရင်ခံစာကို ပြုစုနေပါတယ်။ သူတို့ တွေ့ရှိချက် နောက်ဆုံးအခြေအနေကို ဟန်နာနဲ့ ဒေးဗစ် မိသားစုကို ပြောပြသွားမှာ ဖြစ်ပါတယ်” လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က ရေးပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးသွားတဲ့အတွက် ဗြိတိန်ရဲတွေက ထိုင်းကနေ ပြန်လည်ထွက်ခွာ သွားပြီလို့လည်း ပါရှိပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒီလူသတ်မှုအပေါ် ကိုင်တွယ်မှုဟာ နိုင်ငံတကာက စိုးရိမ်ပူပန်စရာ ဖြစ်ခဲ့ပါတယ်။
ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာတို့ သဘောတူညီခဲ့အပြီး တော်ဝင် ထိုင်းရဲတပ်ဖွဲ့နဲ့ အတူအလုပ်လုပ်ဖို့အတွက် ဗြိတိန်က အရာရှိတွေ ပြီးခဲ့တဲ့လက ထိုင်းကို လာခဲ့တာဖြစ်ပါတယ်။