အင်ဒိုနီးရှားပြည့်တန်ဆာ ၂ ဦးကို သတ်ဖြတ်ခဲ့သည့် ဗြိတိန်ဘဏ်လုပ်ငန်းရှင် စိတ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်ရယူ

ဓာတ်ပုံ - ရိုက်တာ
1.2K
[caption id="attachment_70511" align="alignright" width="297"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ဟောင်ကောင်မှာ အင်ဒိုနီးရှားပြည့်တန်ဆာ ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ ဗြိတိန် ဘဏ်လုပ်ငန်းရှင်ကို စိတ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်ယူဖို့နဲ့ သူရဲ့ အမှုကို နိုဝင်ဘာ ၂၄ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ရုရစ်က် ဂျတ်တင်းဂ်(Rurik Jutting)ဟာ အမေရိကဘဏ် (ဟောင်ကောင်ဘဏ်ခွဲ) က ဘဏ်ဝန်ထမ်း ဖြစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့မှာ အင်ဒိုနီးရှား ပြည့်တန်ဆာ ၂ ဦးကို သူရဲ့အခန်းမှာ သတ်ဖြတ်မှုနဲ့ အဖမ်းဆီးခံခဲ့ရတာပါ။
တရားရုံး ၂ ကြိမ်ထွက်ခဲ့ပေမယ့် အမှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှု သိပ်မရှိပါဘူး။
သူပြစ်မှုကျူးလွန်ခဲ့ပုံကို ပြန်လုပ်ပြဖို့ ရဲက ကြိုးစားပေမယ့် ရုရစ်က် ဂျတ်တင်းဂ်က ငြင်းဆန်တယ်လို့ သိရပါတယ်။
