မန်ယူနည်းပြဟောင်းကို ရီးရဲလ်ဆိုစီဒက်က နည်းပြသစ်အဖြစ် ခန့်အပ်
Published By
DVB | 11 November, 2014
1K
0
Share
0
Comment
0
Likes

မန်ယူနည်းပြဟောင်း ဒေးဗစ် မိုယက်ကို စပိန်လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်က နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဒေးဗစ်မိုယက်အတွက် မန်ယူကနေ အထုတ်ခံရပြီး ၁၀ လအကြာမှာ နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်တာ ဖြစ်ပါတယ်။
ရီးရဲလ်ဆိုစီဒက်အသင်းဟာ ရာသီအစ ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးဝါးပြီး အဆင့် ၁၅ နေရာမှာ ရပ်တည်နေလို့ နည်းပြသစ် ခန့်အပ်လိုက်တာပါ။
ဒေးဗစ်မိုယက်ဟာ ရီးရဲလ်ဆိုစီဒက်အသင်းကနေ စတုတ္ထမြောက် ခန့်အပ်ခြင်း ခံရတဲ့ ဗြိတိန်နိုင်ငံသားလည်း ဖြစ်ပါတယ်။