နိုင်ဂျီးရီးယား ဆရာ၊ ကျောင်းသားစုံညီအစည်းအဝေးတွင် အသေခံဗုံးခွဲမှုကြောင့် ၄၈ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
1.5K
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ပိုတစ်ကမ်မြို့က ဆရာ ကျောင်းသားစုံညီ အစည်းအဝေးမှာ အသေခံ ဗုံးခွဲသူတယောက်က ကျောင်းသားတယောက်လို ဝတ်ဆင်လာပြီး ဗုံးခွဲခဲ့လို့ ကျောင်းသား အများစုအပါအဝင် လူ အနည်းဆုံး ၄၈ ယောက် သေဆုံးပါတယ်။
[caption id="attachment_70476" align="alignright" width="400"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က အဲဒီဗုံးခွဲမှုကြောင့် တခြားလူ ၇၉ ယောက်လဲ ဒဏ်ရာရတယ်လို့ ဆေးရုံအရာရှိတယောက်က ပြောပါတယ်။
ဘိုကိုဟာရမ်လို့ ခေါ်တဲ့ ဆွန်နီမွတ်စလင် စစ်သွေးကြွတွေရဲ့ ခြေကုပ်စခန်းနဲ့ နီးတဲ့ ယိုဘေပြည်နယ်က ဒီတိုက်ခိုက်မှုကို တာဝန်ခံသူ မရှိသေးပါဘူး။
အနောက်တိုင်းပညာရေးက အပြစ်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မှည့်ခေါ်ထားတဲ့ ဘိုကိုဟာရမ်တွေဟာ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်နိုင်ရေး ၅ နှစ်ကြာ တိုက်ပွဲဝင်နေတာပါ။
ထောင်နဲ့ချီတဲ့လူတွေနဲ့ ရာနဲ့ ချီတဲ့ကျောင်းသားတွေကို သတ်ခဲ့လို့ အာဖရိကရဲ့ ထိပ်တန်း ရေနံတင်ပို့ရာ နိုင်ဂျီးရီးယား ရဲ့ အဓိကလုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်လာနေပါတယ်။
နိုင်ဂျီးရီးယားအစိုးရက ကြေညာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဘိုကိုဟာရမ်ခေါင်းဆောင်က ပယ်ချပြီးတည်းက ကျန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘိုကိုဟာရမ်တွေက တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။
