ATP World Tour Finals အဖွင့်ပွဲစဉ်တွင် ဂျိုကိုဗစ်က မာရင်ဆစ်လစ်ကို ၂ ပွဲပြတ် နိုင်

ကမ္ဘာ့နံပါတ်တစ် နိုဗက် ဂျိုကိုဗစ် (ဓာတ်ပုံ - ရိုက်တာ)
809
[caption id="attachment_70470" align="alignright" width="418"]
ကမ္ဘာ့နံပါတ်တစ် နိုဗက် ဂျိုကိုဗစ် (ဓာတ်ပုံ - ရိုက်တာ)[/caption]
လန်ဒန်မှာ ယှဉ်ပြိုင်သွားတဲ့ ATP World Tour Finals အုပ်စု (အေ) အဖွင့်ပွဲစဉ်မှာ ကမ္ဘာ့နံပါတ်တစ် နိုဗက် ဂျိုကိုဗစ်က မာရင်ဆစ်လစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဂျိုကိုဗစ်ဟာ နှစ်ပွဲစလုံးကို ၆ - ၁ နဲ့ အလွယ်တကူပဲ အနိုင်ယူသွားတာပါ။ ခရိုအေးရှား နိုင်ငံသား မာရင် ဆစ်လစ်ဟာ ယူအက်စ်အိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂျိုကိုဗစ်ဟာ ဆစ်လစ်ရဲ့ ပြင်းထန်တဲ့ စပေးဘော ရိုက်ချက်တွေကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။
ဖိုးအန်း ရိုက်ချက်နဲ့ အကွက်ချ ရိုက်ချက်တွေမှာ မယှဉ်နိုင်လို့ ဂျိုကိုဗစ်က အနိုင်ရသွားတာပါ။ လောလောဆယ် အုပ်စု (အေ)မှာ ဂျိုကိုဗစ်ဟာ ဝေါ်ဝင်ကာနဲ့အတူ ဦးဆောင်နေပါတယ်။
