မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ကာတာကလပ်အသင်းတို့ ခြေစမ်းပွဲ သရေကျ

[caption id="attachment_70423" align="alignright" width="410"]Myanmar Football Team 2014 "ဓာတ်ပုံ - Myanmar Football Federation[/caption] ဆူဇူကီးဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကာတာနိုင်ငံမှာ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ နိုဝင်ဘာ ၉ ရက်နေ့က ကာတာကလပ်အသင်း ဖြစ်တဲ့ အယ်ခရီတီရတ် အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ရာမှာ တဖက်တဂိုးစီ သရေကျခဲ့ပါတယ်။ အယ်ခရီတီရတ်အသင်းဟာ ကာတာလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ပြည်ပ ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့အသင်း ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အယ်ခရီတီရတ်အသင်းက ပွဲချိန် ၃၄ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆ရ မိနစ်မှာ နောက်ခံလူ ဇော်မင်းထွန်းက ခေါင်းတိုက်ပြန်လည်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၂၀ ရက်အထိ ကာတာနိုင်ငံမှာ နေထိုင်လေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပြီး နောက်ထပ် ခြေစမ်းပွဲ ၂ ပွဲကို ဆက်လက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up