ကမ္ဘာ့ကရာတေး ချန်ပီယံရှစ်ပြိုင်ပွဲ ဂျပန် ထိပ်ဆုံးက ဦးဆောင်

0ကမ္ဘာ့ကရာတေး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂျပန်နိုင်ငံက ဆုတံဆိပ်အများဆုံးနဲ့ ဆုတံဆိပ် ရပ်တည်မှု အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ကရာတေး ချန်ပီယံရှစ် ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဂျာမဏီနိုင်ငံ ဘရီမင်မှာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်သွားတာပါ။ ၅ ရက်ကြာ ကျင်းပတဲ့ ပြိုင်ပွဲမှာ ဂျပန် အမျိုးသားမှာ ရွှေ ၂ ခု၊ အမျိုးသမီးမှာ ရွှေ ၁ ခု၊ ငွေ ၂၊ ကြေးတံဆိပ် ၆ ခုနဲ့ ဆုတံဆိပ် ရပ်တည်မှာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အီဂျစ် နိုင်ငံက ကရာတေးသမားတွေက ရွှေ ၃ခု၊  ငွေ ၂ခု၊ ကြေး ၁ ခုနဲ့ ဒုတိယနေရာမှာ ရှိနေပြီး ပြင်သစ်က ရွှေ ၂ခု၊ ငွေ ၃ခု၊ ကြေး ၃ခုနဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။ ကမ္ဘာ့ကရာတေး ချန်ပီယံရှစ်ပြိုင်ပွဲကို ၂ နှစ်တကြိမ် ကျင်းပတာ ဖြစ်ပြီး လာမယ့် ပြိုင်ပွဲကိုတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up