ပရီးမီးယားလိဂ်ပွဲစဉ် ရလဒ်များ

premier leagueနိုဝင်ဘာ ၉ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နာမည်ကြီး အသင်းတွေထဲက  အာစင်နယ်နဲ့ တော့တင်ဟမ် ရှုံးသွားပါတယ်။ အာစင်နယ်က ဆန်ချက်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် ဆွမ်ဆီက နောက်ကနေ လိုက်ကစားပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ အာစင်နယ်အသင်းရဲ့ နောက်တန်း အမှားအယွင်းများခဲ့လို့ ဒီရာသီထဲမှာ ဒုတိယမြောက်ရှုံးပွဲနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ဆွမ်ဆီက ဒီပွဲနိုင်လို့ ၁၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်လှမ်းသွားပါတယ်။ စပါးအသင်းကတော့ အိမ်ကွင်းမှာ စတုတ်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။ စပါးစ်အတွက် နောက်ဆုံး ကစားတဲ့ ၄ ပွဲမှာ ၃ ပွဲမြောက် ရှုံးပွဲတွေ့သွားတာပါ။ ဘာစီလိုနာကနေ ပြောင်းလာတဲ့ ဘိုဂျန်အတွက် စတုတ်အတွက် ပထမဆုံးဂိုး ဒီပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်လို့ စတုတ်က ၁၅ မှတ်နဲ့ အဆင့် ၉  နေရာကို တက်လာပြီး စပါးစ်က အဆင့် ၁၄ နေရာကို လျောကျသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up