အရေးပေါ် တွေ့ဆုံဆွေးနွေးမှုများ မလုပ်ပါက စစ်အေးခေတ်သစ်ကို ဦးတည်နိုင်ဟုဆို

မီခေးလ် ဂိုဘာ့ချော့ဗ်
ဆိုဗီယက်သမ္မတဟောင်း မီခေးလ် ဂိုဘာ့ချော့ဗ်က ဥရောပတိုက်ကြီးမှာ အရေးပေါ် တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ရင် စစ်အေးခေတ်သစ်ကို ဦးတည်နေတယ်လို့ ပြောပါတယ်။ [caption id="attachment_70307" align="alignleft" width="300"]မီခေးလ် ဂိုဘာ့ချော့ဗ် မီခေးလ် ဂိုဘာ့ချော့ဗ်[/caption] ဘာလင်တံတိုင်း ပြိုကျခြင်း ၂၅ နှစ် အထိမ်းအမှတ် အခမ်းအနားမှာ ဂိုဘာ့ချော့ဗ်က အမှတ်ရစရာတွေ ကို ပြန်ပြောရင်း အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ကို လည်း ဝေဖန်ချက်ပေး ခဲ့ပါတယ်။ “ပြည်သူတွေဟာ အပြောင်းအလဲအတွက် စိတ်ပိုင်းဖြတ်ထားကြတယ်။ သူတို့ရဲ့ စကား၊ သူတို့ရဲ့ သီချင်း၊ သူတို့ရဲ့ စိတ်ဓာတ်တွေမှာ မြင်ခဲ့ရတယ်။ တော်လှန်ရေးဆန်တဲ့ အခြေအနေမျိုးပါ” လို့ ၁၉၈၉ ခုနှစ်က ဘာလင်တံတိုင်း မပြိုခင် အခြေအနေကို သူက ပြန်ပြောခဲ့ပါတယ်။ လက်ရှိ ယူကရိန်း အခြေအနေကို ရည်ညွှန်းပြီး ဥရောပတိုက်မှာ တွေ့ဆုံဆွေးနွေးတဲ့ ဓလေ့ ပျက်စီးနေတယ်၊ ကမ္ဘာကြီးဟာ စစ်အေးခေတ်သစ်ရဲ့ ချောက်ကမ်းပါးထိပ်မှာ ရောက်နေတယ်လို့ သတိပေးလိုက်ပါတယ်။ “ဥရောပနဲ့ နိုင်ငံတကာ နိုင်ငံရေးဟာ စစ်အေးခေတ်အလွန် ကမ္ဘာ့အခြေအနေသစ်နဲ့ လိုက်လျောညီထွေမရှိတော့ဘူး။ ဒီရာစုနှစ်ရဲ့ အစမှာ ချမှတ်ထားတဲ့ အခင်းအကျင်းမှာ အခုကာလလောက် အန္တရာယ်များတဲ့ အခြေအနေမျိုး မရှိခဲ့ဘူး။ အင်အားကြီးနိုင်ငံတွေကြားမှာ  တွေ့ဆုံဆွေးနွေးတဲ့ ယဉ်ကျေးမှု ပျက်စီးသွားတဲ့ နောက်မှာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ သွေးထွက်သံယို ဖြစ်နေတယ်။ ဒါဟာ ကမ္ဘာကြီးအတွက် စိုးရိမ်စရာဖြစ်တယ်။ ကမ္ဘာကြီးဟာ စစ်အေးခေတ်သစ်ရဲ့ ချောက်ကမ်းပါးမှာ ရောက်နေတယ်။ တချို့က ဆိုရင် စစ်အေးခေတ်သစ် စတင်နေပြီလို့တောင် ဆိုကြတယ်” လို့   ဂိုဘာ့ချော့ဗ်က သတိပေးလိုက်ပါတယ်။

More News
Up