အိုလံပစ် အော်စကာဆုများ ပထမဆုံးအကြိမ် ချီးမြှင့်

လီ ရှီယာအိုရှိယာ
အိုလံပစ် အားကစားပွဲရဲ့ အော်စကာ ဆုလို့ တင်စားရမယ့် ဆုကို တီထွင်ပြီး ပထမဆုံးအကြိမ် ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။ [caption id="attachment_70221" align="alignright" width="300"]david rudisha တာလတ်အပြေးသမား ဒေးဗစ် ရူဒစ်ရှာ ဆုလက်ခံရယူစဉ်[/caption] ကင်ညာနိုင်ငံသား တာလတ်အပြေး သမား ဒေးဗစ် ရူဒစ်ရှာဟာ ၂၀၁၂ လန်ဒန် အိုလံပစ်ရဲ့ အကောင်းဆုံး အမျိုးသား အားကစားသ မားအဖြစ် ရွေး ချယ်ခံရပါတယ်။ [caption id="attachment_70222" align="alignright" width="300"]လီ ရှီယာအိုရှိယာ လီ ရှီယာအိုရှိယာ[/caption] တရုတ်အမျိုးသမီး စားပွဲတင် တင်းနစ်မယ် လီ ရှီယာအိုရှိယာ (Li Xiaoxia) လည်း အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ရွေး ချယ်ခံရတယ်။ နော်ဝေလူမျိုး စကိတ်သမား အိုလီ အီနာ ဂျိုအန်ဒဲလန်နဲ့ ဒတ်လူမျိုး အမြန်စကိတ်မယ် အီလန်နီ ၀က်စ် တို့ကလည်း ဒီနှစ် ဆိုချီ ဆောင်းရာသီ အိုလံပစ်မှာ အကောင်းဆုံး အားကစားသမားတွေအဖြစ် ရွေးချယ်ခံရပါတယ်။ အိုလံပစ် အရာရှိတွေက အခုလို ပထမဆုံး ဆုချီးမြှင့်တဲ့အတွက် အိုလံပစ်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲမှုရဲ့ အစ၊ အိုလံပစ် ကစားပွဲရဲ့ အော်စကာ ဆုတွေ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။ ဆုတွေကို  ဘန်ကောက်မြို့မှာ နိုင်ငံပေါင်း ၂၀၀ ကျော်က ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော် တက်ရောက်တဲ့ အခမ်းအနားနဲ့ မနေ့က ချီးမြှင့်ခဲ့ပါတယ်။  

More News
Up