ဘရာဇီးတွင် ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပွား

ဘရာဇီးနိုင်ငံ မြောက်ပိုင်းက ဘဲလမ်းမြို့မှာ နိုဝင်ဘာ ၄ ရက်နေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း လူအနည်းဆုံး ၁၁ ဦး သေဆုံးသွားပါတယ်။ ဒီအဖြစ်အပျက်မတိုင်ခင်က အဲဒီမြို့မှာလည်း ရဲအရာရှိတဦး အသတ်ခံခဲ့ရပါတယ်။ အသက် ၄၃ နှစ်အရွယ် အန်တိုနီယိုမားကို့ဆိုတဲ့ ရဲအရာရှိကို လူ ၃ ဦးက သူ့အိမ်မှာ သတ်ဖြတ်ခဲ့တဲ့ အမှု ပေါ်ပေါက်ခဲ့တာပါ။ Untitled-2 copyအဲဒီနောက်မှာ တာဝန်ချိန် ပြင်ပ ရဲအရာရှိတွေက ဂလဲ့စားချေတဲ့အနေနဲ့ လူ ၁၀ ဦးကို သတ်ဖြတ်လိုက်တာလို့ အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုပါတယ်။ လူမှုကွန်ရက် မီဒီယာတွေမှာ ရေးသားချက်တွေအရ ရဲအရာရှိတွေက လူတွေကို သေနတ်နဲ့ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသား ၆ ဦးကို အပြစ်ပေးကွပ်မျက်တဲ့ ပုံစံမျိုး သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ရဲအဖွဲ့က စုံစမ်းနေပြီး ရဲအဖွဲ့က ကျူးလွန်တာ မှန်ရင်လည်း အရေးယူမယ်လို့ ရဲအရာရှိ ရိုစီကယ်လီ ဆေးဗားက ပြောပါတယ်။ အဲဒီညမှာပဲ ဆင်းရဲသား ရက်ကွက်ထဲက ၆ နေရာမှာ သေနတ်ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ပြည်သူတွေက ရဲအဖွဲ့ကို အပြစ်တင်နေပါတယ်။

More News
Up