ကိုပါကြီးဈာပန ပြည်သူ ရာချီ ရေဝေးသုသာန် ရောက်ရှိ
DVB
·
November 7, 2014
ဒီကနေ့ မနက်က ကိုပါကြီးဇနီး ဒေါ်သန္တာကိုယ်တိုင် ဦးစီးသယ်ယူလာတဲ့ ကိုပါကြီး အလောင်း နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်က ရန်ကုန် ရေဝေးသုသာန်ကို ရောက်ရှိပြီးဖြစ်ပါတယ်။
ကိုကြီးရဲ့ ကျန်ရှိနေတဲ့ ရုပ်ကလပ်ကို ဒီကနေ့ ညနေ ၅ နာ၇ီမှာ ဈာပန အခမ်းအနားပြုလုပ်ပြီး သင်္ဂြိုဟ်မှာဖြစ်ပါတယ်။
လက်ရှိရေဝေးသုသာန်မှာ သံဃာတော်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူတွေ ရာချီရောက်ရှိနေကြပြီဖြစ်ပါတယ်။