တင်းနစ်သမား နာဒယ် ဆေးရုံဆင်းပြီ

967
အူအတက်ကို ဖယ်ထုတ်ဖို့ အတွက် ၂ ရက်တာ ဆေးရုံတက်ရောက် ခွဲစိတ်ကုသခံခဲ့တဲ့ ကမ္ဘာ့နံပတ် ၃ တင်းနစ်သမား ရာဖေးလ် နာဒယ်က နိုဝင်ဘာ ၅ ရက်နေ့မှာ ဆေးရုံက ဆင်းသွားပြီ ဖြစ်ပါတယ်။
အားလုံးကောင်းသွားပြီဖြစ်သလို ရိုးရိုး ခွဲစိတ်ကုသမှုတခုပါလို့ နာဒယ်လ်က သတင်းထောက်တွေကို ပြောပါတယ်။
စပိန်နိုင်ငံသား အသက် ၂၈ နှစ်အရွယ် နာဒယ်က ခွဲစိတ်ကုသခံယူဖို့ ရှိတဲ့ အတွက် ၂၀၁၄ မှာ ကစားနိုင်မှာမဟုတ်တော့ဘူးလို့ အောက်တိုဘာ ၂၄ ရက်နေ့က အတည်ပြုပြောဆိုခဲ့ပါတယ်။
တံခွန်စိုက်ဆု ၁၄ ကြိမ် ရထားတဲ့ နာဒယ်ဟာ ၀င်ဘေတန် တင်းနစ်ပြိုင်ပွဲ ပြီးကတည်းက ၇ပွဲသာ ကစားခဲ့ပြီး အူအတက်ကို ကုသဖို့ အတွက် အောက်တိုဘာကတည်းက ဆေးတွေ စတင် သောက်ခဲ့ရတာဖြစ်ပါတယ်။
ဇန်န၀ါရီ အဘူဒါဘီမှာ ကျင်းပမယ့် ကမ္ဘာ့တင်းနစ် ချန်ပီယံရှစ် ပြပွဲကို တက်ရောက်နိုင်ဖို့ နာဒယ်က ရည်မှန်းထားပါတယ်။
