မြန်မာနှင့်ခြေစမ်းကစားမည့် ကာတာကလပ်အသင်းများစာရင်း ထုတ်ပြန်

[caption id="attachment_70140" align="alignright" width="300"]Myanmar Football Federation U 19 ဓာတ်ပုံ - Myanmar Football Federation[/caption] မြန်မာ့လက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားမယ့် ကာတာကလပ်အသင်းတွေရဲ့ အမည်စာရင်းကို နိုဝင်ဘာ ၆ ရက်ညပိုင်းမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ပါတယ်။ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာလက်ရွေးစင်အသင်းဟာ ကာတာ စတားလိဂ်နဲ့ ဒုတိယတန်း အသင်းတွေနဲ့ ခြေစမ်းမှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ နိုဝင်ဘာ ၉ ရက်ညနေ ၆ နာရီမှာ အယ်ခါတပ်အသင်း၊ နိုဝင်ဘာ ၁၃ ရက် ည ၆ နာရီမှာ အယ်မာခီရာ အသင်း၊ နိုဝင်ဘာ ၁၅ ရက်ည ၆ နာရီမှာ အယ်လာဆီရာ အသင်းတို့နဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားတာပါ။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ နိုဝင်ဘာ ၂၀ ရက်အထိ ကာတာနိုင်ငံမှာ လေ့ကျင်မှုတွေ ပြုလုပ်မှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်မှာတော့ စင်ကာပူနိုင်ငံမှာကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up