အီတလီတွင် မုန်တိုင်းများ တိုက်ခတ်ပြီးနောက် အနီရောင် အဆင့်သတိပေး
Published By
DVB | 7 November, 2014
965
0
Share
0
Comment
0
Likes

အီတလီနိုင်ငံကို ပြင်းထန်တဲ့မုန်တိုင်းတွေ နိုဝင်ဘာလ ၆ ရက်နေ့က တိုက်ခတ်ခဲ့လို့ မြို့တော် ရုမ်းမှာ အနီရောင် အဆင့်တပ်လှန်သတိပေးထားရပါတယ်။
၂၄ နာရီအတွင်း မိုးရေချိန် ၁၀ စင်တီမီတာထိ ရွာမယ်လို့ ခန့်မှန်းထားပါတယ်။
ကရီယိုနေ မြစ်ကမ်းပါး ကျိုးပေါက်ကာ မြစ်ရေလျှံခဲ့ပြီး မိုးသည်းခဲ့တာကြောင့် ရေလွှမ်းမိုးခဲ့လို့ တုစ်ကာနီခရိုင် ကရာရာမြို့က ထောင်နဲ့ ချီတဲ့ဒေသခံတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေခဲ့လို့ လူ ၈ ယောက်ကို ကမ်းရိုးတန်းစောင့်ရဟတ်ယာဉ်နဲ့ ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရပါတယ်။
ရုမ်းမြို့တော်မှာတော့ ကျောင်းတွေကို ပိတ်ထားရပြီး အလုပ်နဲ့ အရေးပေါ်ကိစ္စအတွက်သာ အိမ်ကနေ ထွက်ကြဖို့ ပြည်သူတွေကို အကြံပြုထားပါတယ်။