ဥရောပရွှေဖိနပ်ဆု ရော်နယ်ဒို တတိယအကြိမ်မြောက် ရရှိ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ နိုဝင်ဘာလ ၄ ရက်နေ့က ဥရောပရွှေဖိနစ်ဆုကို တတိယအကြိမ်မြောက် ရရှိခဲ့ပါတယ်။ 7+Real+Madrid's+Cristiano+Ronaldo+kisses+his+Golden+Boot+trophy+during+a+ceremony+in+Madrid+November+5,+2014.+Reuters အသက် ၂၉ နှစ်ရှိ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ စုစုပေါင်း သွင်းဂိုး ၃၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဆုကို တိုက်စစ်မှူး ဆွာရတ်စ်နဲ့ ပူးတွဲရရှိတာပါ။ ၂၀၀၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ခဲ့ပြီး ရွှေဖိနစ်ဆုကို ၂၀၀၇-၀၈ ကတခါ၊ ၂၀၁၀-၁၁ ကတခါ၊ အခုတခါ ၃ ခါရရှိတာ ဖြစ်ပါတယ်။ မန်ယူဘောလုံးသမားအဖြစ်နဲ့ရော၊ ရီးရဲလ်ဘောလုံးသမားအဖြစ်နဲ့ပါ အောင်မြင်ပြီး ရီးရဲလ် အသင်းကို အခုနှစ် ချန်ပီယံဖလားရအောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ရီးရဲလ် အသင်းဟာ ချန်ပီယံလိဂ်ဖလားကို လက်ရှိ ၁၀ ကြိမ်ရရှိထားပြီး ဥရောပမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သွင်းဂိုး ၇၁ ဂိုးနဲ့ အများဆုံးဂိုးသွင်းထားတဲ့ Raul နဲ့ တဂိုးပဲ ကွာပါတော့တယ်။ ဘောလုံးပွဲတိုင်းမှာ ဂိုးသွင်းဖို့ဆိုတာ မလွယ်တဲ့အတွက်ကြောင့် ဂိုးသွင်းခွင့်မရလည်း သူကြိုက်တဲ့ ဘောလုံးသမားတွေနဲ့ တွဲဖက်ကစားရတယ်ဆိုရင် ကျေနပ်တယ်လို့ ပြောဆိုပါတယ်။ ရွှေဖိနပ်ဆုကို တတိယအကြိမ်ရတာဟာ ပထမဆုံးအကြိမ်ရတုန်းကလိုပဲ ပျော်ရွှင်ပြီး ဒီဆုကို ရအောင် ကူညီပေးခဲ့တဲ့ ကစားဖော်ဘောလုံးသမားတွေနဲ့အတူ ဒီဆုကို မျှဝေပါတယ်လို့ ရောနယ်ဒိုက ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up