Home
မြန်မာသတင်း
မြန်မာ့ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
November 6, 2014
မြန်မာပြည်ရဲ့  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ရှေ့မတိုး နောက်မဆုတ် ရပ်တန့်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးမှာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတယ်လို့ နို်ဝင်ဘာ ၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ d2“မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အရှေ့ကိုသွားနေတယ်လို့ ကျမ မထင်ပါဘူး။ နောက်ပြန်ဆုတ်တယ်ဆိုတာလည်း ကျမ မမြင်ပါဘူး။ ဒါပေမယ့် သေချာတာတခုက စတင်ခြင်းအတွက် ရပ်တန့်နေတယ်လို့ ထင်တယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လေးလေးနက်နက် အရှေ့ကို သွားနေတယ်လို့ ကျမ မမြင်လို့ပါ။” နိုင်ငံတာကာအနေနဲ့လည်း မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲရေးအပေါ်ကို အလွန်အကျွံ အကောင်းမြင်ဒါမျိုး မဟုတ်ဘဲ အခြေအနေတွေကို ချင့်ချိန်ဆုံးဖြတ်ဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တုန်းလိုက်ပါတယ်။ “ဒီလုပ်ငန်းစဉ်ကို အကူအညီ ဆောင်ရွက်နေတာဟာ ပျော်ပျော်ရွင်ရွင်နဲ့ ပြီးဆုံးလိမ့်မယ်လို့ မမျှော်လင့်ဘူးဆိုတာ ကျမ မကြာခဏပြောပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို အသိအမှတ်ပြုတာနဲ့ ဘာတွေ စနစ်တကျ ပြီးအောင်လုပ်ဖို့ လိုလည်းဆိုတာတွေဟာ စစ်မှန်တဲ့ ဒီမိုကရေးနိုင်ငံဖြစ်ဖို့အတွက် တွန်းအားပေးစေပါတယ်။ အမေရိကန်ပြည်ထောင်စု နဲ့ ကမ္ဘာက တခြားနိုင်ငံတွေလည်း မြန်မာပြည်တွင်းပြောင်းလဲရေးကိစ္စကို အလွန်အကျွံ အကောင်းမြင်တာမျိုး မဖြစ်ဖို့လိုပါတယ်။” ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်းမှာ ၁၀ စုနှစ်ပေါင်းများစွာ တဦးအပေါ်တဦး မယုံကြည်မှု စိတ်ဝမ်းကွဲတွေရှိတာကြောင့် မှန်ကုန်တဲ့ ငြိမ်းချမ်းရေး နဲ့ တိုးတက်ရေး လမ်းကြောင်းပေါ်ရောက်သွားနိုင်ဖို့ အချင်းချင်းအကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်ဆိုတာ သဘောပေါက်ထားကြောင်းနဲ့ အချင်းချင်းအကြားမှာ ကလဲ့စားချေရေးကို ဦးစားပေးရှေ့တန်းတင် လုပ်ဆောင်မယ်ဆိုရင်  ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှာ မဟုတ်ကြောင်း ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ရှေ့တမ်းတင်ခဲ့ပြီး အခုလည်း ဒီအတိုင်း ဆက်သွားနေတဲ့ အကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024