ကမ္ဘောဒီးယားနိုင်ငံက လှေသဘင်ပွဲတော်

ဓာတ်ပုံ - APRO
937
ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်ပင်က တုံလေဆပ်မြစ်ထဲမှာ အစိုးရက လှေသဘင် ပွဲကျင်းပခွင့်ပြုကြောင်း ကြေညာချက်အရ နဂါးလှေရောင်စုံ ၂၄၅ စီး နိုဝင်ဘာ ၅ ရက်နေ့က ပြိုင်ပွဲဝင်နေပါတယ်။
[caption id="attachment_69995" align="alignright" width="426"]
ဓာတ်ပုံ - APRO[/caption]
ဒါပေမယ့် ၂၀၁၀ က နောက်ဆုံးပွဲမှာ ပါတဲ့ လှေအရေအတွက်ထက် အစီး၂၀၀ လောက် လျော့သွားပါတယ်။
၂၀၁၀ ပြည့်နှစ်က ကို့ပစ်တံတားမှာ လူနင်းမိမှုနဲ့ ရေထဲပြုတ်ကျနစ်မြုပ်မှုတွေကြောင့် လူ ၃၅၃ ဦး သေဆုံးခဲ့အပြီးနောက် ပထမဆုံးအကြိမ် ပြိုင်ပွဲပြန်လုပ်တာဖြစ်ပါတယ်။
တုံလေဆိပ် မြစ်တွင်းရေစီးကြောင်း ပြောင်းချိန် အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်လုပ်တဲ့ လှေသဘင်ပွဲကို နယ်အသီးသီးက ပြည်သူ ၁ သန်းကျော် တက်ရောက်လေ့ရှိတာပါ။
ဒါပေမယ့် ၂၀၁၀ လူနင်းမိမှုနဲ့ ဘုရင့်ခမည်းတော် မင်းသားကြီး သီဟာနု နတ်ရွာစံမှုတွေကြောင့် ပွဲတော်ကျင်းပတာကို ၃ နှစ်တိတိ ရပ်နားထားခဲ့ပါတယ်။
ကမ္ဘောဒီးယားက ရန်သူတွေနဲ့ တိုက်ရာမှာ လှေတွေကို သုံးပြီးနိုင်ဖူးတဲ့ သမိုင်းကြောင်းကို အမှတ်ရစေတဲ့ ဒီပွဲကို ဘုရင် နိုရိုဒွန် သီဟာမိုနီလည်း တက်ရောက်ပါတယ်။
ဒီနှစ်ပွဲတော်တွင်း လူနင်းမိ သေဆုံးမှု မဖြစ်ရအောင်နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဦးနှိမ်ထားဖို့ လုံခြုံရေးအဖွဲ့ဝင် အယောက် ၅၀၀၀ တာဝန်ချထားတယ်လို့ ဖနွမ်ပင်ရဲချုပ် ချူအန်စိုဝမ်က ပြောပါတယ်။
