အီဂျစ်နိုင်ငံ ရထား ၂ စီးပေါ်တွင် ဗုံးကွဲ၊ ရဲ ၂ ဦး သေဆုံး
Published By
DVB | 6 November, 2014
772
0
Share
0
Comment
0
Likes

အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းခရိုင် မေနူဖီယာမြို့က ဘူတာတခုမှာ နိုဝင်ဘာ ၅ ရက်နေ့ နှောင်းပိုင်းက ရထားတစီးပေါ် တပ်ထားတဲ့ ဗုံးတလုံးပေါက်ကွဲခဲ့တဲ့အတွက် အီဂျစ်ရဲ ၂ ဦး သေဆုံးပြီး လူ ၁၁ ဦး ဒဏ်ရာရတယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။
နောက်ထပ် ၁ နာရီအကြာမှာ မြို့တော်ကိုင်ရိုက မက်ထရိုဘူတာရုံမှာ အသေးစားဗုံးတလုံး ပေါက်ကွဲတဲ့အတွက် လူ ၃ ဦး ဒဏ်ရာရတယ်လို့ အစိုးရပိုင် အယ်လ် အာရမ်သတင်းဌာနက အစီရင်ခံပါတယ်။
၂၀၁၃ ဇူလိုင်မှာ စစ်တပ်က အစ္စလာမ္မစ်သမ္မတ မိုဟာမဒ် မာစီကို ရာထူးက ဖယ်ရှားအပြီး အစ္စလာမ္မစ် သူပုန်ထမှု တိုးလာတာကို အီဂျစ်နိုင်ငံက ရင်ဆိုင်နေရပါတယ်။
စီနိုင်းကျွန်းဆွယ်မှာ အဓိက အခြေစိုက်တဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ အရင်လက ဂါဇာကမ်းမြှောင်နယ်စပ်နားမှာ စစ်သားအနည်းဆုံး ၃၃ ဦးကို သတ်ခဲ့ပါသေးတယ်။
ဒါကြောင့် လက်နက်တွေနဲ့ တိုက်ခိုက်ရေးသမားတွေ ကုန်ကူးဖို့ သုံးလေ့ရှိတဲ့ နယ်စပ်ဒေသကို စစ်တပ်က ရှင်းလင်းခဲ့ရပါတယ်။ အခုဘူတာရုံတိုက်ခိုက်မှုကိုတော့ ဘယ်သူကမှ တာဝန်ခံမှု မရှိသေးပါဘူး။